TikTok announced a new CEO who came from the parent company.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.5.2021 | မိခင်ကုမ္ပဏီမှ TikTok တွင်တာဝန်ထမ်းဆောင်ရန် CEO အသစ်တစ်ဦး ရောက်ရှိလာ 

TikTok တွင် တာဝန်ထမ်းဆောင်မည့် Chief Executive Officer (CEO) အသစ်အား ဧပြီလ ၃၀ ရက်နေ့တွင် ကုမ္ပဏီမှကြေငြာခဲ့ပါတယ်။ TikTok ရဲ့ CEO အသစ်ဖြစ်လာမည့် Shouzi Chew ဟာ လက်ရှိတွင် TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance တွင် Chief Financial Officer အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိနေသူတစ်ဦးဖြစ်ပါတယ်။ 

Shouzi Chew အနေနဲ့ ယခုအခါ အပြည်ပြည်ဆိုင်ရာ အော်ပရေးရှင်းများကို Interim Head Vanessa Pappas ထံမှ လက်လွှဲပြောင်းရယူမှာဖြစ်ပြီး သူမကတော့ COO ရာထူးသို့ပြောင်းရွှေ့၍ TikTok တွင် ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ Chew ဟာ ByteDance တွင်လက်ရှိရာထူးဖြင့် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုမှီကလည်း တရုတ်ဖုန်းထုတ်လုပ်သူ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi တွင် CFO နှင့် International President အဖြစ် ၆ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ 

ByteDance ရဲ့ CEO ဖြစ်သူ Yiming Zhang ကတော့ “Shou နဲ့ Vanessa တို့ရဲ့ leadership team ဟာ sustained growth ကိုဖြစ်ပေါ်လာစေဖို့အတွက် အခရာကျပါတယ်” ဟူ၍ ရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့ပါတယ်။ “Shou ထံတွင် ကုမ္ပဏီနဲ့ လုပ်ငန်း Industry အကြောင်း နက်နဲစွာသိရှိထားတဲ့ အသိပညာရှိပြီး ကျွန်ုပ်တို့ရဲ့ အစောပိုင်းရင်းနှီးမြှုပ်နှံမှုများတွင် ဦးဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ နောက်ပြီးသူဟာ နည်းပညာနယ်ပယ်အတွင်းတွင် ဆယ်စုနှစ်တစ်ခုခန့် အလုပ်လုပ်ကိုင်ဖူးခဲ့သူလည်းဖြစ်နေပါတယ်။ ဒီအတွက် Corporate Governance နဲ့ ကာလရှည် လုပ်ငန်းစီမံကိန်းများတွင် အာရုံစိုက်လုပ်ကိုင်စေနိုင်ဖို့ရာတွင် သူဟာ အဖွဲ့ကို ကောင်းစွာထိန်းကျောင်းပေးနိုင်မှာဖြစ်ပါတယ်။” ဟူ၍လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။