Thousands of Amazon workers signed and voted for Amazon to give paid time offs

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.10.2020 | ထောင်ပေါင်းများစွာသော Amazon ဝန်ထမ်းများက Amazon ကို paid time off များပေးရန်အတွက် လက်မှတ်ထိုးကာ တောင်းဆိုခဲ့ကြ။ 

CNN Business ရဲ့ သတင်းများအရ ထောင်ပေါင်းများစွာသော Amazon ရဲ့ tech ဝန်ထမ်းများဟာ petition တစ်ခုကို လက်မှတ်ထိုးကာ မဲပေးခဲ့ကြပြီး ဝန်ထမ်းများအားလုံးအတွက် paid time off ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရှိခဲ့ရပါတယ်။ 

Amazon ဟာ သူတို့ရဲ့ corporate နဲ့ warehouse ဝန်ထမ်းများအပြင် Amazon မှ ပိုင်ဆိုင်ထားတဲ့ Whole Food ရဲ့ ဝန်ထမ်းများအပါအဝင် အမေရိကန်နိုင်ငံအတွင်း ဝန်ထမ်းပေါင်း ၁.၃သန်းခန့်ကို ခန့်အပ်ထားလျှက်ရှိကာ နိုင်ငံအတွက် ဒုတိယဝန်ထမ်းအများဆုံးခန့်အပ်ထားနိုင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ NBC news မှ ပထမဦးဆုံးသတင်းထုတ်ပြန်ပေးခဲ့တဲ့ အဆိုပါ petition တစ်ခုတွင်တော့ ဝန်ထမ်းများအားလုံးအနေနဲ့ ရွေးကောက်ပွဲနေ့မတိုင်မှီတွင် မဲပေးရေးနဲ့သက်ဆိုင်သော လုပ်စရာရှိသည့်အရာများကို လုပ်ဆောင်နိုင်ရန်အတွက် ၈နာရီကြာ paid time off ကို ဝန်ထမ်းများအားလုံး အတွက်တောင်းဆိုပေးခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က internal company tool ကို အသုံးပြု၍ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ petition တွင်တော့ ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်ခန့်က လက်မှတ်ရေးထိုးတောင်းဆိုမှုများကို ပြုလုပ်ခဲ့ပြီး Climate Justice အတွက် တောင်းဆိုခဲ့ဖူးတဲ့ Amazon ဝန်ထမ်းများက ဦးဆောင်စီစဉ်မှုပြုခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။