The M1 chip compatible new strain of Malware “Silver Sparrow” has been discovered

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.2.2021 | M1 chip အသုံးပြုရသည့် device များတွင် ထည့်သွင်း၍ရနိုင်သော “Silver Sparrow” ဟု အမည်ပေးထားသည့် Malware အသစ်တစ်မျိုးအား ရှာဖွေတွေ့ရှိ 

Malware အသစ်တစ်မျိုးအား ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဖြစ်သည့် Red Canary မှ ရှာဖွေတွေ့ရှိခဲ့ပြီး “Silver Sparrow” ဟူ၍ အမည်ပေးထားခဲ့ပါတယ်။ အဆိုပါ malware ဟာ ကမ္ဘာတစ်လွှားရှိ Mac device များစွာတွင် ဝင်ရောက်နေပြီးဖြစ်ကာ အထူးဖြင့် U.S နဲ့ ဥရောပနိုင်ငံရဲ့ အချို့သောဒေသများတွင် အတွေ့များလျှက်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ကျွမ်းကျင်သူများဟာ ဒီ malware ဘယ်ကလာလဲ၊ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက ဘာတွေလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားနေဆဲပဲဖြစ်ပါတယ်။ နောက်ပြီး အဆိုပါ malware ဟာ Apple မှ အသစ်ထုတ်လုပ်လိုက်တဲ့ M1 chip ကိုအသုံးပြုထားတဲ့ device များတွင် ထည့်သွင်းနိုင်တဲ့ malware အနည်းငယ်အတွင်းတွင် တစ်ခုအပါအဝင်လည်းဖြစ်နေခဲ့ပါတယ်။ 

Red Canary မှ ပေးပို့ခဲ့တဲ့ အချက်အလက်များအရ “Silver Sparrow” ဟာ နိုင်ငံပေါင်း ၁၅၃ နိုင်ငံရှိ MacOS အသုံးပြုထားသော device ပေါင်း ၂၉,၁၃၉ ခုခန့်တွင် တွေ့ရှိခဲ့ရပြီး အများစုဟာ U.S, U.K, ပြင်သစ်၊ ဂျာမဏီနှင့် ကနေဒါနိုင်ငံတို့တွင် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ 

ကျွမ်းကျင်သူများကတော့ “Silver Sparrow” ကို ချိန်ကိုက်ဗုံးတစ်လုံးအဖြစ် သရုပ်ဖော်ပြောကြားခဲ့ပြီး ထိုအရာက အခြားလုပ်ဆောင်ချက်များ တိတိပပမရှိသေးသော်လည်း ထိုအရာကိုထိန်းချုပ်ထားတဲ့ control server နဲ့ နာရီအပိုင်းအခြားအလိုက် ပုံမှန်ဆက်သွယ်စစ်ဆေးလျှက်ရှိကာ infected device များတွင် command အသစ်များကိုပေးဖို့ စောင့်ဆိုင်းလျှက်ရှိနေကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။