The Last of Us became HBO’s second-best debut of the last decade with 4.7 million viewers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.1.2023 | The Last of Us ရုပ်ရှင်ကို စုစုပေါင်းကြည့်ရှုသူ ၄.၇ သန်းဖြင့် HBO ရဲ့ ဒုတိယအကောင်းဆုံး ထုတ်လွှင့်ပြသမှုတစ်ခုအဖြစ် စံချိန်တင်နိုင်ခဲ့ 

The Last of Us ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က HBO မှ ထုတ်လွှင့်ပြသခဲ့ပြီးနောက် စုစုပေါင်းကြည့်ရှုသူ ၄.၇ သန်းဖြင့် ဒုတိယအကြိမ်မြောက် လူကြည့်အများဆုံးနှင့် အကောင်းဆုံးထုတ်လွှင့်ပြသမှု အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ 

Deadline ဆိုတဲ့ သတင်း website တစ်ခုတွင် ရေးသားထားတဲ့ သတင်းတစ်ပုဒ်အရ Craig Mazin နှင့် Neil Druckmann ဆိုတဲ့ နာမည်ကျော် အမေရိကန်နိုင်ငံသား ဒါရိုက်တာ (၂) ဦးရဲ့ The Last of Us ဂိမ်းအပေါ် အခြေခံ ရိုက်ကူးထားသော အဆိုပါရုပ်ရှင်ဇာတ်ကားဟာ ကြည့်ရှုသူ ၄.၈၁ သန်းရှိခဲ့သော House of the Dragon ဆိုတဲ့ ၂၀၁၀ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားတစ်ခုအပြီးတွင် HBO အတွက် ဒုတိယကြည့်ရှုမှုအများဆုံးဇာတ်ကားတစ်ခုအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ 

အဆိုပါဇာတ်လမ်းတွဲကို ခေတ်သစ်လူ့အဖွဲ့အစည်းကြီးတစ်ခု ပျက်စီးသွားခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ အကြာ အခြေအနေတစ်ခုအပေါ် ဇာတ်အိမ်တည်၍ ရိုက်ကူးထားတာဖြစ်ပြီး ကမ္ဘာ့လူဦးရေတစ်ခုလုံးကို ပျက်သုဉ်းသွားစေခဲ့တဲ့ ကပ်ရောဂါဘေးတစ်ခုရဲ့ ဖြေဆေးကို ရှာဖွေတွေ့ရှိနိုင်ဖို့ မျှော်လင့်ရင်း အမေရိကတိုက်ရှိ ပျက်စီးနေတဲ့ မြို့ပျက်များကို ဖြတ်သန်းခရီးနှင်ကြမယ့် Joel နဲ့ Ellie တို့နှစ်ဦးရဲ့ ဇာတ်လမ်းကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။