The first patient to have a heart transplant from a pig - died after a few months

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.3.2022 | ဝက်ရဲ့ နှလုံးဖြင့် အစားထိုးကုသမှုခံယူခဲ့သော ပထမဆုံးလူနာ လအနည်းငယ်အကြာတွင် သေဆုံးသွားခဲ့ 

မျိုးရိုးဗီဇပြုပြင်ထားသော ဝက်တစ်ကောင်ရဲ့နှလုံးဖြင့် အစားထိုးကုသမှုခံယူခဲ့သော ပထမဆုံးလူနာဟာ မတ်လ ၈ ရက်နေ့တွင် ဆုံးပါးသွားခဲ့တယ်လို့ New York Times ရဲ့ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။ အသက် ၅၇ နှစ် ရှိပြီဖြစ်သော David Bennett Sr. ဟုအမည်ရသူဟာ အဆိုပါနှလုံးအစားထိုးခွဲစိတ်မှုကို ဇန်နဝါရီလ အစောပိုင်းတွင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

Bennett ရဲ့သေဆုံးမှုဟာ ဘာကြောင့်ဖြစ်ပွားခဲ့တာလဲဆိုတာကို လက်ရှိမှာတော့ တိတိပပပြောကြားနိုင်ခြင်းမရှိသေးပါဘူးဟူ၍ အဆိုပါခွဲစိတ်မှုကို ပြုလုပ်ပေးခဲ့သော University of Maryland Medical Center ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ New York Times သို့ ပြောကြားခဲ့ပြီး ခွဲစိတ်ဆရာဝန်များနှင့် အသေးစိတ်စစ်ဆေးပြီးနောက်တွင် သိရှိလာရတဲ့အချက်များကိုတော့ ပြန်လည်ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

Bennett ရဲ့ သေဆုံးမှုဟာ xenotransplantation လို့ အမည်ရတဲ့ တိရိစ္ဆာန်များရဲ့ ကိုယ်တွင်းကလီစာများကို လူသားများထံသို့ အစားထိုးကုသမှုပြုလုပ်ခြင်းရဲ့ အခက်အခဲများကို ဖော်ပြနေပါတယ်။ ဒီနည်းပညာကို ထောက်ခံသူများကတော့ တိရိစ္ဆာန်များရဲ့ကိုယ်တွင်းကလီစာများကို ပုံမှန်လွယ်ကူစွာရရှိနိုင်ပြီး ကိုယ်တွင်းကလီစာ အစားထိုးကုသရန် စောင့်ဆိုင်းနေရတဲ့ ထောင်ပေါင်းများစွာသောလူများရဲ့ အခက်အခဲများကို ဖြေရှင်းပေးနိုင်ဖို့အတွက်မျှော်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာလည်း ခွဲစိတ်ဆရာဝန်များနဲ့ သုသေသနပြုလုပ်သူများဟာ ထိုသို့အစားထိုးခွဲစိတ်မှုများကို စမ်းသပ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုအနည်းငယ်ရှိခဲ့တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။