The first COVID-19 vaccine is getting FDA emergency authorization

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.11.2020 | ပထမဆုံး COVID-19 ကာကွယ်ဆေး FDA သို့ ဦးစားပေးအဆင့်ဖြင့် ခွင့်ပြုပေးရန်အတွက် ရောက်ရှိလာ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနဟာ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတင်သွင်းမှုကို လက်ခံရရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 

ဆေးဝါးကုမ္ပဏီကြီးများဖြစ်သော Pfizer နဲ့ German biotech လုပ်ငန်းတစ်ခုဖြစ်တဲ့ BioNTech မှ သူတို့ရဲ့ mRNA vaccine, BNT162b2 အတွက် Emergency Use Authorization (EUA) ကို FDA ထံမှ တောင်းခံနိုင်ဖို့ အတွက် တရားဝင်တောင်းဆိုလွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း ေကြငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါ vaccine ရဲ့ စမ်းသပ်စဉ်ကာလများ၌ အမေရိကန်၊ ဂျာမဏီ၊ တူရကီ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံများရှိ စမ်းသပ်စစ်ဆေးမှုနေရာပေါင်း ၁၅၀ တွင် ပါဝင်၍အစမ်းသပ်ခံခဲ့သူ ၄၃,၆၆၁ ဦးတွင် ၁၇၀ ဦးသာ ကူးစက်ရောဂါကို ခံစားခဲ့ရပြီး အဆိုပါ ၁၇၀ ဦးတွင် ၁၆၂ ဦးမှာ ကာကွယ်ဆေးပေးခြင်းမခံရသော အဖွဲ့မှဖြစ်ကာ စမ်းသပ်ဆဲဖြစ်သော နှစ်ကြိမ်ထိုးသွင်းရမည့် ကာကွယ်ဆေးပေးခြင်းခံရသူများအနက်မှ ၈ဦးသာ ရောဂါကူးစက်ခြင်းကို ခံခဲ့ရပါတယ်။ အဆိုပါ case အားလုံးအနက် ၁၀ဦးမှာ ရောဂါလက္ခဏာများပြင်းထန်မှုရှိခဲ့သော်လည်း ၉ ဦးမှာ ကာကွယ်ဆေးထိုးပေးခြင်းမခံရသောအဖွဲ့မှဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။