The end of Internet Explorer?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.8.2020 | Internet Explorer ဟာ သေဆုံးသွားတော့မှာလား? 

Microsoft 365 app များဟာ ၂၀၂၁ခုနှစ်ကုန်ပိုင်းမှစတင်ပြီး Internet Explorer 11 ကို support ပေးတော့မှာမဟုတ်ပါဘူး။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Microsoft ကလည်း သူတို့ရဲ့ ကုမ္ပဏီ Blog ပေါ်က ပို့စ်တစ်ခုမှာ ပြီးခဲ့တဲ့အပတ်က ကြေငြာချက် ကိုထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီအတွက်တော့ ကြီးမားတဲ့အဆင့်တစ်ဆင့်ဖြစ်ပြီး အသုံးပြုသူများကို ပိုပြီးခေတ်မှီတဲ့ Microsoft Edge web-browser ပေါ်သို့ခေါ်ဆောင်သွားလိုတဲ့အတွက်ကြိုးပမ်းမှုတစ်ရပ်ဖြစ်နေလို့ပါပဲ။ လက်ရှိအချိန်အထိကို ကုမ္ပဏီအချို့ဟာ legacy system များကိုဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး Internet Explorer (IE) နဲ့သာ ဆက်လက်အလုပ်လုပ်နေဆဲဖြစ်ပါတယ်။ 

ဒီပြောင်းလဲမှုကို Microsoft Team တွေရဲ့ Web application မှတဆင့် စတင်မှာဖြစ်ပြီး၊ IE support ကို ဒီနှစ် နိုဝင်ဘာလ၊ ၃၀ရက်နေ့မှာ ရပ်နားသွားမှာဖြစ်ပါတယ်။ Microsoft 365 application များဟာတော့ IE support ပေးမှုကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လ၊ ၁၇ရက်နေ့မှာ ရပ်နားသွားဖို့စီစဉ်ထားပါတယ်။ 

IE 11 နဲ့ပတ်သက်ပြီးကြေငြာချက်များအပြင် Microsoft Edge Legacy desktop app (pre-Chromium Edge) ဟာလည်း security update များကို ၂၀၂၁ခုနှစ်၊ မတ်လ၊ ၀၉ရက်နေ့နောက်ပိုင်းတွင် ရရှိတော့မှာမဟုတ် ဘူးဟူ၍လည်း ပြောကြားခဲ့ပါသေးတယ်။ Internet Explorer 11 ကို ၂၀၁၃ ခုနှစ်တွင် Window operating system များရဲ့ အဓိကအစိတ်အပိုင်းတစ်ရပ် အနေနဲ့ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ 
 

(Unicode)



 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။