The Developer Studio behind MapleStory invest $400 million in AGBO

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.1.2022 | MapleStory ဂိမ်းရဲ့ဖန်တီးသူ Studio မှ AGBO တွင် ကန်ဒေါ်လာသန်း ၄၀၀ ခန့်ကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ 

Popular MMORPG MapleStory ကို ဖန်တီးခဲ့တဲ့ Nexon ဟာ ၎င်းတို့ရဲ့ gaming franchise များကို ရုပ်ရှင်နှင့် TV များပေါ်သို့ ဆောင်ကြဉ်းလိုတဲ့အတွက် ကန်ဒေါ်လာသန်း ၅၀၀ ခန့်ကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံပြုလုပ်သွားနိုင်ဖွယ်လည်းရှိနေပါတယ်။ 

Nexon မှပြုလုပ်ခဲ့တဲ့ ကြေငြာချက်တစ်ခုအရ ၎င်းတို့ဟာ AGBO လို့အမည်ရတဲ့ Avengers ဇာတ်ကားတွင် ပူးတွဲဒါရိုက်တာများဖြစ်တဲ့ Anthony နှင့် Joe Russo တို့နှင့် Producer Mick Larocca တို့ ပူးပေါင်းတည်ထောင်ထားတဲ့ ရုပ်ရှင်ကုမ္ပဏီတွင် ကန်ဒေါ်လာ သန်း ၄၀၀ ခန့်ကို ရင်းနှီးမြှုပ်နှံမှုစတင်ပြုလုပ်နေပြီဖြစ်ပြီး AGBO မှ တောင်းဆိုလာခဲ့ပါက ယခုနှစ်ရဲ့ပထမနှစ်ဝက်အတွင်း နောက်ထပ် ကန်ဒေါ်လာ သန်း ၁၀၀ ခန့်ကို ထပ်မံ၍ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

အဆိုပါသဘောတူညီချက်ကို Nexon ရဲ့ လက်ရှိရှိပြီးသားနှင့် အသစ်ထွက်ရှိလာမည့် franchise များ intellectual property များကို ရုပ်ရှင်နှင့် TV လောကသို့ ကမ္ဘာနှင့်ချီ၍ချဲ့ထွင်မှုပြုလုပ်ခြင်းကို အရှိန်မြှင့်တင်နိုင်ရန်နှင့် AGBO ရဲ့ development, production နှင့် entertainment universe များကို ပိုင်ဆိုင်မှုတို့ကို အထောက်အပံ့ပေးနိုင်ပြီး တစ်ကမ္ဘာလုံးက ပရိသတ်များထံသို့ game များနှင့် virtual world experiences များအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ရောက်ရှိနိုင်စေရန်ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။