The Bundesliga broadcasts vertical high-profile matches

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.3.2020 | Bundesliga ဘောလုံးလိဂ်ဟာ လူအများစိတ်ဝင်စားမှုမြင့်မားတဲ့ ဘောလုံးပွဲများကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

၎င်းဂျာမန်ဘောလုံးလိဂ်ဟာ မိုဘိုင်းလ်ဖုန်းများအသုံးပြုမှုများပြားလာသည့်အတွက် Bundesliga Games ကို 9:16 ပုံစံဖြင့်ထုတ်လွှင့်ခဲ့ပါတယ်။ 

လူများက သူတို့ရဲ့စမတ်ဖုန်းများပေါ်မှတဆင့် ဘောလုံးပွဲများကိုကြည့်ရှုလာကြသည်နှင့်အမျှ ဒေါင်လိုက်ကြည့်ရှု နိုင်မည့်အရာများကို ဖန်တီးထုတ်လုပ်ရန်လိုအပ်ချက်များပိုမို၍တိုးတက်လာနေပါတယ်။ ဒီဂျာမန်ဘောလုံးလိဂ် ဟာ ယခုအခါတွင် ပုံမှန် 16:9 ပုံစံအစား 9:16 အချိုးပုံစံဖြင့် (စမတ်ဖုန်းများရဲ့ ဖန်သားပြင်အတိုင်း) စမ်းသပ် ထုတ်လွှင့်ခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ်စမ်းသပ်ခြင်းကို Wolfsburg နှင့် Werder Bremen အသင်းတို့ ကစား စဉ်တွင် ဒေါင်လိုက် ကင်မရာ (၅) ခုနှင့် ရိုက်ကူးကာ စမ်းသပ်ထုတ်လွှင့်မှုကိုပြုလုပ်ခဲ့ပါတယ်။ ဒီပွဲဟာ ကမ္ဘာပေါ် တွင် ထိုကဲ့သို့ရိုက်ကူးခံရတဲ့ ပထမဦးဆုံးဘောလုံးပွဲပါပဲ။ “ပိုမိုများပြားတဲ့လူများဟာ သူတို့ရဲ့ စမတ်ဖုန်းများပေါ်မှ တစ်ဆင့် ဘောလုံးပွဲများကိုကြည့်ရှုခြင်းပိုမို၍ပြုလုပ်လာကြသည့်အတွက် သမားရိုးကျ 16:9 ပုံစံအချိုးထက် 9:16 အချိုးက ထိုသို့ကြည့်ရှုရန်ပိုမိုပြီး သင့်လျှော်မှုရှိစေပါတယ်” ဟု DFL Digital Sports Production ရဲ့ ဒါရိုက်တာဖြစ်သူ Carsten Ruppel က ပြောကြားခဲ့ပါတယ်။ ဒေါင်လိုက်ကြည့်ရှုရတဲ့ ဗီဒီယိုများဟာ အသုံးပြုသူ အများစုမှ သူတို့ရဲ့ဖုန်းများနဲ့လွယ်လွယ်ကူကူဝင်ရောက်နိုင်တဲ့ လူမှုကွန်ယက် (social networks) များပေါ်သို့ လည်း ပိုမိုလွယ်ကူစွာတင်ပေးနိုင်ပါတယ်လို့လဲ သူက ထပ်မံပြောကြားခဲ့ပါသေးတယ်။ ဒါ့ကြောင့် မကြာမှီကာလ တွင် ကျွန်ုပ်တို့ဟာ ဖုန်းများပေါ်မှတဆင့် Ultra HD အရည်အသွေးရှိသော ဘောလုံးပွဲများကို ကြည့်ရှုနိုင်ကြတော့ မှာပဲဖြစ်ပါတယ်။ 

(Unicode)


 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။