Tesla recalls 130,000 vehicles to fix touchscreen issues

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.5.2022 | Tesla မှ Touchscreen ပြဿနာဖြစ်ပွားနေခြင်းကို ပြန်လည်ပြင်ဆင်ရန် ကားအစီးရေ ၁၃၀,၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူမှုပြုလုပ်ခဲ့ရ 

Tesla မှထုတ်လုပ်သောယာဉ်များရဲ့ infotainment system များအတွင်းရှိ CPU ဟာ fast charging ပြုလုပ်စဉ်အတွင်း overheat ဖြစ်ပွားနေခြင်းကြောင့်‌ ကားအတွင်းတပ်ဆင်ထားသည့် touchscreen များ အလုပ်မလုပ်ခြင်း (တနည်းအားဖြင့်) screen တွင် ဘာမှပေါ်မလာခြင်းဖြစ်ပွားနေခြင်းကြောင့် ကားအစီးရေပေါင်း ၁၃၀,၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူမှုပြုလုပ်ခဲ့ရပါတယ်။ 

Tesla ဟာ အဆိုပါပြဿနာဖြစ်ပွားနေသောယာဉ်များအတွက် over-the-air update (OTA) ကို မေလ ၃ ရက်နေ့တွင်ထုတ်လွှင့်ပေးခဲ့ပြီး ထိုအထဲတွင် ၂၀၂၂ ခုနှစ် Model 3 နှင့် Y, ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် Model X နှင့် S တို့ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။ 

National Highway Traffic Safety Administration (NHTSA) ရဲ့ recall notice တွင် - “Fast-charging ပြုလုပ်နေစဉ်နှင့် fast-charging ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်းတွင် infotainment စနစ်ရဲ့ CPU များဟာ လုံလောက်တဲ့ အအေးပေးမှုကိုမရရှိနိုင်တဲ့အတွက် အပူချိန်မြင့်မားလာပြီး CPU ရဲ့စွမ်းဆောင်ရည် နှေးကွေးလာခြင်း (သို့) restart ကျသွားခြင်းကို ဖြစ်ပွားစေခဲ့ပါတယ်” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။