Tesla lays off nearly 200 Autopilot employees who help train the company’s AI

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.7.2022 | Tesla က ကုမ္ပဏီရဲ့ AI ကို ကူညီလေ့ကျင့်ပေးခဲ့သော Autopilot ဝန်ထမ်း ၂၀၀ နီးပါးကို အလုပ်မှထုတ်ပယ်ခဲ့

Tesla ဟာ ဝန်ထမ်းပေါင်း ၂၀၀ နီးပါးခန့်ကို အလုပ်မှထုတ်ပယ်ခဲ့ပြီး ထိုအထဲက အများစုဟာ ကုမ္ပဏီရဲ့ Autopilot AI စနစ်ကို လေ့ကျင့်သင့်ကြားနိုင်ရန် ဒေတာများအားစုစည်းပေးရတဲ့အလုပ်အား စေခိုင်းခံခဲ့ရသူများ ဖြစ်ပါတယ်။ 

ဒီအလုပ်မှထုတ်ပယ်မှုအကြောင်းကို Bloomberg က ဦးစွာသတင်းရေးသားခဲ့ပြီးနောက် TechCrunch ကလည်း အတည်ပြုပေးခဲ့ပြီးဖြစ်ကာ ဒါဟာ Tesla CEO Elon Musk က ကုမ္ပဏီအလုပ်အမှုဆောင်များကို ၎င်းတို့အနေနဲ့ ဝန်ထမ်းအင်အားကို ၁၀ ရာခိုင်နှုန်းခန့်လျှော့ချရန် လိုအပ်နေတယ်လို့ ပြောကြားခဲ့အပြီးတွင်‌ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဝန်ထမ်းထုတ်ပယ်မှုပဲဖြစ်ပါတယ်။ 

ဒီဝန်ထမ်းလျှော့ချမှုဟာ ကုမ္ပဏီရဲ့ အလိုအလျှောက်မောင်းနှင်မှုအတွက် driver-assistance feature အတွက် လုပ်ဆောင်ပေးလျှက်ရှိနေတဲ့ ဝန်ထမ်းများရှိရာ San Mateo, California ပြည်နယ်ရှိ Tesla ရဲ့ ရုံးခန်းများတွင် အဓိကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကြောင့် ထိခိုက်ခဲ့ရသူအများစုဟာ သတင်းများအရ training data များကို label ထိုးရသည့်အလုပ်ကို လုပ်ကိုင်ရသူ၊ အလုပ်လုပ်သည့်နာရီအလိုက် လစာရရှိသူဝန်ထမ်းများဖြစ်ကြပြီး ဒီအလုပ်ဟာ AI စနစ်များကို တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်သော်လည်း ကျွမ်းကျင်မှုအနည်းငယ်သာလိုအပ်ပြီး လစာလည်း အနည်းငယ်သာရရှိသူများဖြစ်ကြပါတယ်။ မကြာသေးမှီကနှစ်များအတွင်းမှာတော့ များစွာသောကုမ္ပဏီများဟာ ဒီကဲ့သို့သောအလုပ်မျိုးကို စေခိုင်းဖို့အတွက် ဖွံ့ဖြိုးမှုနည်းပါးတဲ့နိုင်ငံများရှိ ပိုမိုဈေးသက်သာတဲ့ဝန်ထမ်းများကို အသုံးပြုလာခဲ့ကြပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။