Tesla fired an employee who reviewed its driver-assist features on YouTube

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.3.2022 | ၎င်းတို့ရဲ့ driver-assist feature များကို YouTube ပေါ်တွင် review ပြုလုပ်လျှက်ရှိနေတဲ့ ဝန်ထမ်းတစ်ဦးအား Tesla က ရာထူးမှထုတ်ပယ် 

John Bernal လို့အမည်ရတဲ့ Tesla employee တစ်ဦးဟာ ကုမ္ပဏီရဲ့ “Full Self Driving” beta software ကို သူ့ရဲ့ YouTube channel တစ်ခုဖြစ်တဲ့ AI Addict ပေါ်တွင် review ပြုလုပ်လျှက်ရှိသူတစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက FSD ဖြင့် သူမောင်းနှင်လျှက်ရှိတဲ့ Tesla ကားဟာ လမ်းဘေးရှိတိုင်တစ်ခုကို ဝင်တိုက်မိခဲ့တဲ့ video ကို သူ့ရဲ့ YouTube channel ပေါ်တွင်တင်ခဲ့ပြီး မကြာမှီတွင် သူ့အား Tesla က အလုပ်မှ ထုတ်ပယ်ပစ်ခြင်းခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

CNBC မှ ရေးသားထားတဲ့ သတင်းတစ်ပုဒ်အရ သူ့အားအလုပ်မှထုတ်ပယ်ခြင်းမပြုလုပ်မှီတွင် မန်နေဂျာများက သူဟာ “Tesla မှ ချမှတ်ထားတဲ့ စည်းမျဉ်းများကို” ချိုးဖောက်လျှက်ရှိနေကြောင်း နှုတ်ဖြင့် သတိပေးခဲ့ကြပြီး သူ့ရဲ့ YouTube channel ဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားနှင့် ဆန့်ကျင်လျှက်ရှိနေတယ်လို့ ပြောကြားခဲ့ကြပါတယ်။ (သို့သော်လည်း သူ့အားအလုပ်မှထုတ်ပယ်စာ ပေးပို့ရာတွင်တော့ အလုပ်မှထုတ်ပယ်ရတဲ့အကြောင်းအရင်းကို အခိုင်အမာ ရေးသားထားခြင်းမရှိခဲ့ပါဘူး)

Bernal ရဲ့ ပြောကြားချက်အရ ယခင်ကလည်း ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းတွင် “Full Self Driving” beta software ကို အသုံးပြုနေစဉ်အတွင်း လမ်းသွားလမ်းလာများနှင့် စက်ဘီးစီးသူများကို ပွတ်ကာသီကာ တိုက်မိမလိုဖြစ်ပွားခဲ့တဲ့ video တစ်ပုဒ်ကို post ပြုလုပ်ခဲ့ခြင်းကြောင့် မန်နေဂျာများက သူ့အားသတိပေးမှု ပြုလုပ်ခဲ့ကြသေးတယ်လို့ သိရှိရပါတယ်။ ယခုအခါတွင် အဆိုပါ video ကို ကြည့်ရှုသူပေါင်း ၂၅၀,၀၀၀ ခန့်ရှိနေပြီဖြစ်ကာ Twitter ကဲ့သို့သော social network များပေါ်တွင်လည်း ကျယ်ပြန့်စွာ share ပြုလုပ်လျှက်ရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။