Tencent Integrates Facial Recognition System Into Their Games To Limit Minor’s Screen Time

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.7.2021 | ကလေးငယ်များအလွန်အကျူးဂိမ်းကစားခြင်းကို လျှော့ချနိုင်ရန်အတွက် Tencent မှ Facial Recognition System ကို သူတို့ရဲ့ဂိမ်းများအတွင်း ထည့်သွင်းခဲ့ 

တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး Video ဂိမ်းထုတ်လုပ်သူကုမ္ပဏီတစ်ခုထဲတွင် အပါအဝင်ဖြစ်တဲ့ Tencent ဟာ ယခုအခါတွင် ကလေးငယ်များ Video ဂိမ်းကစားခြင်းကို ကန့်သတ်တားမြစ်မှုများပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံမှ ထုတ်ပြန်လိုက်တဲ့ ဥပဒေတစ်ရပ်ကို လိုက်နာမှုရှိစေရန် လိုအပ်တဲ့အဆင့်များကို ပြုလုပ်သွားဖို့အတွက် စီစဉ်ထားလိုက်ပြီပဲဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက “Midnight Patrol” ဟု အမည်ရတဲ့ Facial recognition system အသစ်ကို Tencent ရဲ့ တရုတ်နိုင်ငံတွင်းအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဂိမ်းပေါင်း ၆၀ ကျော်ခန့်တွင် ထည့်သွင်းခဲ့ပြီး အသုံးပြုသူများအနေနဲ့ ၎င်းကိုငြင်းဆိုခဲ့ပါက (သို့) ပြုလုပ်၍မရနိုင်ခဲ့ပါက အဆိုပါဂိမ်းများအတွင်းသို့ ဝင်ရောက်၍ဆော့ကစားနိုင်ခွင့်ကို ပိတ်ပင်သွားတော့မှာဖြစ်ပါတယ်။ 

ဒါ့အပြင် မိဘများအနေနဲ့လည်း အဆိုပါ Facial recognition system အတွင်းတွင် မိမိတို့ရဲ့ မျက်နှာပုံရိပ်ကိုမှတ်သား၍ ရင်သွေးငယ်များကို မိမိတို့ခွင့်ပြုချက်ရမှသာ အဆိုပါဂိမ်းများကို ဆော့ကစား၍ ရစေနိုင်ရန်အတွက်လည်း ပြုလုပ်ပေးနိုင်တော့မှာဖြစ်ပါတယ်။ Tencent ရဲ့ အဆိုပါကြိုးပမ်းချက်ဟာ မည်မျှအထိ ထိရောက်မှုရှိလာနိုင်မလဲဆိုတာကတော့ ဆက်လက်၍စောင့်ကြည့်ကြရဦးမှာပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။