Tencent buys an audiobook platform Lazy Audio for 2.7 billion yuan

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.1.2021 | Tencent မှ Audiobook platform တစ်ခုဖြစ်တဲ့ Lazy Audio ကို ယွမ်ငွေ ၂.၇ ဘီလျံအသုံးပြု၍ ဝယ်ယူခဲ့ 

Reuters သတင်းဌာနမှသတင်းတစ်ရပ်အရ တရုတ်နိုင်ငံရှိ တေးသီချင်းဖျော်ဖြေရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent မှ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် Shenzen Lanren Online Technology မှပိုင်ဆိုင်သော Audiobook platform တစ်ခုဖြစ်တဲ့ Lazy Audio ကို ဝယ်ယူမှုပြုလုပ်ရန်ရန်ကြောင်းကို ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ 

Tencent ဟာ သူတို့ရဲ့ Music streaming site ပေါ်ရှိ content library အတွင်းရှိ content များကို ပိုမိုများပြားမှုရှိလာစေရန်ရှာဖွေနေတဲ့အတွက် အဆိုပါဝယ်ယူမှုကိုပြုလုပ်ခဲ့တာဖြစ်ပြီး paid user များပိုမိုတိုးပွားလာဖို့ကိုလည်း ရည်မှန်းထားလျှက်ရှိနေပါတယ်။ Lazy Audio ဟာ ၂၀၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော လုပ်ငန်းတစ်ခုဖြစ်ပြီး သူတို့ရဲ့အဓိကဝင်ငွေလမ်းကြောင်းအနေနဲ့ audiobook တစ်ခုစီရောင်းချခြင်း၊ လစဉ်ကြေးများနဲ့ ကြော်ငြာများအပြင် တရုတ်ဟာသများ၊ podcast များနဲ့ ရေဒီယိုအစီအစဉ်များကိုလည်း မတည်ပြုလုပ်ပေးလျှက်ရှိနေပါတယ်။ 

Tencent ရဲ့ပြောကြားချက်အရ အဆိုပါသဘောတူညီမှုအတွက် ငွေသားဖြင့်သာ ပေးချေသွားဖို့စီစဉ်ထားပြီး ၂၀၂၁ အစောပိုင်းတွင် သဘောတူညီမှုကို အပြီးသတ်ချုပ်ဆိုနိုင်ဖို့ကိုလည်း ၂ ဖက်စလုံးမှ မျှော်လင့်ထားတယ်ဟူ၍ သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။