Tech Issues for Smartphones: Q&A

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.7.2020 | စမတ်ဖုန်းများနဲ့ဆိုင်တဲ့ နည်းပညာပြဿနာများအကြောင်း အမေးအဖြေ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော်သုံးနေတဲ့ဖုန်းက Samsung Galaxy A50 ပါ။ နောက်ဖက်ကင်မရာက ကွဲသွားလို့ ပြန်ပြင်မယ်ဆို ရပါသလား။ ဘယ်လောက်လောက် ကုန်ကျနိုင်ပါသလဲခင်ဗျာ။
ဖြေ – လဲလို့ ရပါတယ်ခင်ဗျာ။ မှန်ခွာပြီး ပြုပြင်ရမှာဖြစ်လို့ Service ခ ဈေးများနိုင်ပါတယ်။ 

မေး – Facebook ရဲ့ Comment က Video File တွေကို Download ဆွဲချင်လို့ပါ။ အဲ့ဒါကို ဘယ်လိုလုပ်ဆောင်ရတာပါလဲ အစ်ကိုရေ။ ကျေးဇူးပြုပြီးတော့ ပြောပြပေးပါဦးခင်ဗျာ။
ဖြေ – Comment ရှိတဲ့ Post ကို Copy Link ယူ Tubemate ထဲဝင် Copy ယူထားတဲ့ Link ကို Paste လုပ်ပြီး Comment ထဲက ဗီဒီယိုကို ထောက်ပြီး Normal Quality နဲ့ ဒေါင်းလို့ရပါတယ်။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Download ဆွဲတဲ့ Data တွေရော Zaypa နဲ့ ကူးတဲ့ Data တွေရော File Manager ထဲမှာ မတွေ့ရလို့ပါ။ အဲ့ဒါ ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – Zapya History မှာ ကူးခဲ့တဲ့ ဖိုင်ကိုထောက်ပြီး Properties ထဲက Location မှာ ရောက်ရှိနေတဲ့နေရာကို သိနိုင်ပါတယ်။ အဲ့လိုဖြစ်တာက ဖုန်းနဲ့ Zapya Version မကိုက်လို့ပါ။ Zapya Update လုပ်ပြီး သုံးကြည့်ပါ။
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။