Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
မေး – ကိုယ့်ရဲ့ Facebook Account ကို Hack မခံရအောင် ကာကွယ်လို့ ရပါသလား။
ဖြေ – Facebook ရဲ့ Setting ထဲက Security And Login မှာ Two Factor ခံပြီးကာကွယ်နိုင်ပါ တယ်။
မေး – iPhone 11 ပြုတ်ကျပြီး Face ID မရတော့လို့ပါ ပြင်နိုင်တဲ့နည်းလေးများမရှိဘူးလား?
ဖြေ – အရှေ့ကင်မရာကောင်းပြီး Face ID အလုပ်မလုပ်တော့ရင်တော့ အထဲက Sensor ပိုင်းမှာ ထိခိုက်မှုရှိသွားတာကြောင့်ဖြစ်နိုင်ပါတယ်။ ဆိုင်တွေမှာပြကြည့်သင့်ပါတယ်။
မေး – အစ်ကိုရေ GB ရယ် MB ရယ် KB ရယ် TB ရယ်က ဘယ်လိုတွေ ကွာခြားတာပါလဲခင်ဗျာ။
ဖြေ – Digital Storage ကို ပမာဏသတ်မှတ်တဲ့အခါ KB, MB, GB, TB ဆိုပြီး အဆင့်ဆင့်သတ်မှတ်ပါတယ်။ တစ်ခုနဲ့တစ်ခု 1000 ကွာပါတယ်။ (ကွန်ပျူတာယူနစ်မှာတော့ 1024) ကွာပါတယ်။ (1000KB = 1MB, 1000MB = 1GB, 1000GB = 1TB)
(Unicode)
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။