Tech companies agree to new EU rules to fight disinformation

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.6.2022 | သတင်းအမှားများကို တိုက်ဖျက်သွားရန်အတွက် EU မှ အသစ်ချမှတ်လိုက်သည့်စည်းမျဉ်းများကို နည်းပညာကုမ္ပဏီများမှ သဘောတူလက်မှတ်ရေးထိုးခဲ့

ကမ္ဘာ့အကြီးဆုံး online platform များကို operate ပြုလုပ်နေတဲ့ Facebook ကိုပိုင်ဆိုင်သော Meta, Microsoft, Google,Twitter, Twitch နှင့် TikTok အစရှိတဲ့ နည်းပညာကုမ္ပဏီများဟာ အွန်လိုင်းပေါ်ရှိ သတင်းအမှားများကို တိုက်ဖျက်ရန် EU မှ အသစ်ထုတ်ပြန်လိုက်သည့် စည်းမျဉ်းများကို သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဆိုပါကုမ္ပဏီများနဲ့ အခြားသောကုမ္ပဏီများအနေနဲ့ ၎င်းတို့ရဲ့ platform များပေါ်တွင် သတင်းအမှားများနှင့် လုပ်ကြံဇာတ်လမ်းများပျံ့နှံ့နေခြင်းကို ရပ်တန့်တားဆီးနိုင်ရန် ပိုမို၍အားထုတ်ကြိုးပမ်းသွားရမှာဖြစ်သလို ၎င်းတို့ရဲ့ အားထုတ်မှုများနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကိုလည်း EU အဖွဲ့ဝင်နိုင်ငံများသို့ အသိပေးမျှဝေရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီ “Code of Practice on disinformation” အသစ်ကို ကြေငြာမှုပြုလုပ်ရင်း တဆက်တည်းတွင် ဥရောပကော်မရှင်အဖွဲ့မှ ဒီ guideline များဟာ အထူးသဖြင့် “COVID-19 ရောဂါကပ်ဖြစ်ပွားစဉ်ကာလနှင့် ရုရှားရဲ့ ယူကရိန်းသို့ ကျူးကျော်စစ်ပြုလုပ်မှု” များမှတဆင့် ရရှိခဲ့တဲ့ သင်ခန်းစာများအပေါ်မူတည်ပြီး တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။