Streaming platform Crunchyroll will be available on Nintendo Switch

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.3.2022 | Streaming platform တစ်ခုဖြစ်တဲ့ Crunchyroll ကို Nintendo Switch ပေါ်တွင် မကြာခင် တွေ့မြင်ရတော့မည်

Anime, Manga နဲ့ Drama ရုပ်ရှင်များ၊ စီးရီးများကြောင့် လူသိများတဲ့ streaming platform တစ်ခုဖြစ်သော Crunchyroll မှ ၎င်းတို့ဟာ Nintendo Switch အတွက် Crunchyroll app ကို ထုတ်လွှင့်သွားရန် ပြုလုပ်လျှက်ရှိနေကြောင်း Twitter စာမျက်နှာပေါ်မှတဆင့် ကြေငြာချက်ပြုလုပ်ခဲ့ပါတယ်။

အဆိုပါကြေငြာချက်အရ February 17 ရက်နေ့မှ စတင်ပြီး Crunchyroll ကို Switch eShop တွင် အခမဲ့ download ရယူနိုင်မှာဖြစ်ပြီး anime series များကို Switch ပေါ်တွင် docked, tabletop, handheld အစရှိတဲ့ ပုံစံအမျိုးမျိုးနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး premium ဝန်ဆောင်မှုများသို့ subscribe ပြုလုပ်ထားသူများကတော့ ရုပ်ရှင်စီးရီးများကို offline လည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Crunchyroll ကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါကလည်း console များပေါ်တွင်ရှိနေသော streaming အတွက်ရွေးချယ်စရာများဟာ PlayStation နှင့် Xbox တို့ပေါ်ရှိ streaming ရွေးချယ်စရာများနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက ပိုမို၍နည်းပါးနေဆဲဖြစ်ပြီး လက်ရှိတွင် Hulu, YouTube, Twitch နှင့် ဂျပန်နိုင်ငံတွင်း သီးသန့်အနေနဲ့ Niconico တို့သာရှိနေသေးတယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။