Stellantis make an announcement about a joint venture with LG for battery production

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.10.2021 | Stellantis မှ မော်တော်ကားဘက်ထရီများထုတ်လုပ်မှုအတွက် LG နှင့် အကျိုးတူပူးပေါင်းသွားရန်ရှိကြောင်း ကြေငြာ 

Stellantis ဆိုတဲ့ အီတလီ-အမေရိကန် ဖက်စပ် မော်တော်ကားထုတ်လုပ်မှုကုမ္ပဏီတစ်ခုမှ LG Energy Solutions နှင့် အတူတကွပူးပေါင်း၍ လျှပ်စစ်ကားများအတွက် ဘက်ထရီများထုတ်လုပ်သွားရန် အစီအစဉ်ရှိနေကြောင်းကို အောက်တိုဘာလ ၁၈ ရက်နေ့က ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါကြေငြာချက်အရ - ကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ မြောက်အမေရိကတိုက်တွင် ဘက်ထရီထုတ်လုပ်ရေးစက်ရုံများကို တည်ဆောက်၍ operate ပြုလုပ်သွားမှာဖြစ်ပြီး ပထမဆုံး စက်ရုံကို ၂၀၂၄ ခုနှစ်တွင် စတင်လည်ပတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါတယ်။ အဆိုပါသဘောတူညီမှုအရ မြောက်အမေရိကတိုက်အတွင်း ဘက်ထရီ cell များနှင့် module များထုတ်လုပ်မှုအားလုံးနဲ့ သက်ဆိုင်မှုရှိစေမှာ ဖြစ်ပြီး အဆိုပါစက်ရုံကိုတည်ဆောက်မည့် တည်နေရာကိုတော့ ကုမ္ပဏီ ၂ ခုစလုံးမှ ထုတ်ဖော်ပြောကြားမှုမပြုလုပ်ရသေးပါဘူး။ 

Stellaris ရဲ့ အဆိုအရ အဆိုပါ စက်ရုံကိုတည်ဆောက်မှုပြီးစီးသွားသည့်အခါတွင် ၁ နာရီလျှင် 40-gigawatt အထိ စွမ်းအင်ကိုထုတ်လုပ်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။