Spotify removes library size restrictions

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.6.2020 | Spotify ဟာ သီချင်းများသိုလှောင်တဲ့ library အရွယ်အစားကန့်သတ်ချက်များကို ပယ်ဖျက်ခဲ့

၆နှစ်အကြာတွင် Spotify က သူတို့ရဲ့ သုံးစွဲသူ customer များကို မေးခွန်းများမေးမြန်းကြည့်ပြီး နောက် လူတစ်ဦးချင်းစီရဲ့ သီးသန့် သီချင်း library ကန့်သတ်မှုများကို ပယ်ဖျက်ခဲ့ပါတယ်။ ယခုအခါ သင်ဟာ သီချင်းများကို အကန့်အသတ်မရှိ သိုလျှောင်သိမ်းဆည်းနိုင်ပြီဖြစ်ပါတယ်။ 

ယခုအချိန်မတိုင်မှီအထိ Spotify ပေါ်ရှိ သီးသန့်သီချင်း library များဟာ အသုံးပြုသူများကို အများ ဆုံး သီချင်းနှင့် အယ်လ်ဘမ်ပေါင်း ၁၀,၀၀၀ ခန့်သာ သိမ်းဆည်းခွင့်ပြုထားတဲ့ ကန့်သတ်မှုရှိနေပါ တယ်။ 

ယခုတွင်တော့ သင်ဟာ ကန့်သတ်ချက်များရှိနေမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ အကယ်၍ သီချင်းပေါင်း ၁၀,၀၀၀ ဟာ သင့်အတွက်မလုံလောက်ပါက သင့်အနေနဲ့ ထို platform ပေါ်ရှိ offer ပြုလုပ်ထားသော သီချင်းပေါင်း သန်း ၅၀ လုံးကို သင့်ရဲ့ collection ထဲတွင် အလွယ်တကူ သိမ်းဆည်းထားနိုင်ပြီဖြစ်ပါတယ်။ သို့သော်လည်း Spotify ပေါ်ရှိ အခြားသော ကန့်သတ်မှုများ ကတော့ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။  သင်ဟာ playlist များပေါ်ကို သီချင်း ပေါင်း ၁၀,၀၀၀ ကိုသာထည့်သွင်းနိုင်မှာဖြစ်ပြီး သင့်ရဲ့ မိုဘိုင်းလ်ဖုန်း/ ကွန်ပြူတာများပေါ်တွင် offline အနေနဲ့ သီချင်းပြန်လည်နားဆင်ရန်ကိုလည်း သီချင်းပေါင်း ၁၀,၀၀၀ ကိုသာ ဒေါင်းလုဒ်ချကာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ unlimited library ကို ဈေးကွက်တစ်ခုချင်းစီတွင်တစ်ဖြည်းဖြည်း စတင်မိတ်ဆက် လျက်ရှိနေတာဖြစ်တဲ့အတွက် သင့်အနေနဲ့ error တက်နေတယ်လို့ ပြသနေတဲ့ စာသားကိုသာ လက်ခံရရှိဖို့လည်းဖြစ်နိုင်ပါတယ်။ ရက်အနည်းငယ်မျှစောင့်လိုက်ပါက သင့်အနေနဲ့ ထိုအရာကို ချောချောမွေ့မွေ့ အသုံးပြုနိုင်လောက်ပါတယ်။ 

လက်ရှိတွင် Spotify ဟာ နိုင်ငံပေါင်း ၇၉နိုင်ငံတွင် ရရှိနိုင်ပြီး အသုံးပြုသူပေါင်း ၂၈၆ သန်းရှိနေပြီး ထိုအထဲကမှ ၁၃၀သန်းခန့်က အခကြေးငွေပေးရတဲ့ပရီမီယံအကောင့်များပြုလုပ်ထားကြပါတယ်။  Spotify ဟာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းပေါ်မှ သီချင်းနားထောင်ရန် platform တစ်ခုဖြစ်ပါတယ်။ 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။