Spotify is planning to let its employees work from anywhere post pandemic

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.2.2021 | Spotify ဟာ သူတို့ရဲ့ဝန်ထမ်းများအနေနဲ့ ကပ်ရောဂါကာလအလွန်တွင်လည်း နေရာတိုင်းမှ အလုပ်လုပ်နိုင်ရန် အတွက်ပြင်ဆင်လျှက်ရှိ 

Spotify ဟာ COVID-19 ကာလအလွန်တွင် flexible work model အဖြစ်သို့ပြောင်းလဲပေးခဲ့သော နည်းပညာကုမ္ပဏီများထဲတွင်တစ်ခုအပါအဝင်ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုပါကိစ္စကို ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ကြေငြာခဲ့ပြီး သူတို့ဟာ “နေရာတိုင်းမှ အလုပ်လုပ်နိုင်မည့် ပုံစံ” တစ်ခုသို့ ချိန်ညှိမှုများပြုလုပ်လျှက်ရှိနေပြီး ထိုအရာက ဝန်ထမ်းများအနေနဲ့ အချိန်ပြည့်ရုံးတက်လိုသလား၊ အိမ်မှပဲ အချိန်ပြည့်အလုပ်လုပ်လိုသလား၊ ဒါမှမဟုတ် တစ်လှည့်စီလုပ်လိုသလားဆိုတာကို ရွေးချယ်နိုင်ခွင့် ရှိလာစေမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ 

Spotify ဟာ ဝန်ထမ်းများအနေနဲ့ သူတို့အလုပ်လုပ်လိုတဲ့ နိုင်ငံနဲ့၊ မြို့များကို ရွေးချယ်နိုင်စေဖို့အတွက် flexibility ရှိလာအောင်လည်းပြုလုပ်ပေးသွားမှာဖြစ်ပြီး အဝေးမှအလုပ်လုပ်လိုသော်လည်း အလုပ်လုပ်ရန်နေရာတစ်ခု သတ်သတ်မှတ်မှတ်ရှိလိုသူများအတွက် co-working space membership များကိုလည်း ပေးအပ်သွားဖို့ စီစဉ်လျှက်ရှိနေပါတယ်။ 

COVID-19 ကပ်ရောဂါကာလအလွန်တွင် ပိုမိုများပြားတဲ့ကုမ္ပဏီများဟာ work from home ပြုလုပ်ခြင်းအား အမြဲတမ်းလုပ်ဆောင်နိုင်သော option တစ်ခုအနေနဲ့ စဉ်းစားလာကြပြီဖြစ်ပြီး အဆိုပါကုမ္ပဏီများအနက်မှ Salesforce, Twitter နဲ့ Square တို့ကတော့ ထိုသို့ပြုလုပ်ပေးခြင်းကို သဘောတူကြောင်းကြေငြာချက်များ ထုတ်ပြန်ခဲ့ပြီး Microsoft ကတော့ ဝန်ထမ်းများအနေနဲ့ work from home ပြုလုပ်နိုင်စေရန် တောင်းဆိုမှုများအပေါ် ပိုမို၍ flexibility ရှိလာမှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။