Spotify is expanding into more than 80 new markets

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.3.2021 | Spotify မှ ဈေးကွက်အသစ်ပေါင်း ၈၀ ကျော်သို့ တိုးချက်မှုများပြုလုပ်လျှက်ရှိ 

ကျော်ကြားမှုအများဆုံး တေးသီချင်း streaming platform တစ်ခုဖြစ်တဲ့ Spotify ဟာ ဈေးကွက်အသစ်ပေါင်း ၈၅ ခုခန့်သို့ တိုးချဲ့ထုတ်လွှင့်မှုများပြုလုပ်လျှက်ရှိနေပြီး အသုံးပြုသူအသစ်ပေါင်း ၁ ဘီလျံခန့်အနေနဲ့ သူတို့ရဲ့ platform ကို သုံးစွဲလာနိုင်တော့မှာပဲဖြစ်ပါတယ်။ 

အဆိုပါကြေငြာချက်ကို Justin Bieber, Prince Harry နဲ့ Meghan Markle တို့ပါဝင်တဲ့ live streaming event တစ်ခုကိုထုတ်လွှင့်နေစဉ်အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါပွဲတွင် ပိုမိုမြင့်မားတဲ့အသံအရည်အသွေးကို ရရှိနိုင်သော subscription ဝန်ဆောင်မှုများနဲ့ podcast များအတွက်ကြော်ငြာမှုပြုလုပ်နိုင်မယ့် marketplace တစ်ခုကိုလည်း ကြေငြာပေးခဲ့ပါသေးတယ်။ 

Spotify မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Alex Norstrom ကတော့ “ယခုတိုးချဲ့လိုက်တဲ့ ဈေးကွက်အများစုဟာ အာရှ၊ အာဖရိက၊ ပစိဖိတ်နဲ့ ကာရေဘီယံ ဒေသများရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ အများစုပါဝင်နေပြီး အဆိုပါဈေးကွက်များရဲ့ စုစုပေါင်းဟာ အသုံးပြုသူပေါင်း တစ်ဘီလျံကျော်ခန့်ကို ကိုယ်စားပြုနေပြီး ထိုအထဲကမှ တစ်ဝက်ခန့်ဟာ အင်တာနက်ကိုရယူအသုံးပြုနိုင်နေပြီးသားသူများဖြစ်ကြတယ် ဟူ၍ ဆိုထားခဲ့ပါတယ်။” 

ယခင်ပြုလုပ်ခဲ့တဲ့တိုးချဲ့မှုများကတော့ အိန္ဒိယ၊ ရုရှားနဲ့ အရှေ့အလယ်ပိုင်းဒေသတို့တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး သန်းပေါင်းများစွာသော subscriber အသစ်များကို ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။