Spotify brings music-themed islands to Roblox

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.5.2022 | Spotify မှ သီချင်းများကို သီဆိုတီးခတ်မှုပြုလုပ်နိုင်မည့်ကျွန်းများကို Roblox ပေါ်တွင် ထည့်သွင်းပေးခဲ့ 

Spotify မှ Roblox ပေါ်တွင် ၎င်းတို့ရဲ့ ကိုယ်ပိုင် Digital space တစ်ခုကို စတင်၍ launch ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ထိုအရာကို Spotify Island (Spotify ကျွန်း) ဟုအမည်ပေးထားပြီး Player များအနေနဲ့ ထိုကျွန်းပေါ်တွင် သီချင်းများကိုပြုလုပ်ခြင်း၊ ဂိမ်းကစားခြင်းနဲ့ virtual artist များနှင့် interact ပြုလုပ်ခြင်းတို့ကို ပြုလုပ်၍ ရနိုင်မှာဖြစ်တယ်လို့ Spotify က သတင်းဌာနများသို့ ပြောကြားခဲ့ပါတယ်။ 

Spotify ကတော့ အဆိုပါကျွန်းကို “audio oasis” တစ်ခုဟု တင်စားခေါ်ဝေါ်ထားပြီး အဆိုပါကျွန်းတွင် Spotify ကို ကိုယ်စားပြုတဲ့ အစိမ်းနုရောင်မြေပြင်အနေအထားနဲ့အတူ အသည်းနှလုံးပံ “Like” icon များဟာလည်း အဆိုပါကျွန်းပေါ်ရှိ နေရာအနှံ့အပြားတွင် ပြန့်ကျဲနေမှာဖြစ်ပါတယ်။ Player များအနေနဲ့ အဆိုပါ icon များကို စုဆောင်းပြီး virtual item များနဲ့ပြန်လည်လဲလှယ်မှုပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။ 

အဆိုပါကျွန်းနဲ့အနီးတဝိုက်တွင် လျှို့ဝှက်ချက်အချို့ကိုလည်းမြှုပ်နှံထားတယ်လို့ သိရှိရပြီး ထိုအထဲကတစ်ခုကတော့ Player များရဲ့ ပတ်ဝန်းကျင်ကို နေ့ဘက်မှ ညဘက်သို့ ပြောင်းလဲသွားစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Spotify island ဟာ player များကို digital audio workstation တစ်ခုပေါ်တွင် အသုံးပြုသူအချင်းချင်း ပူးပေါင်း၍ သီချင်းများကို ဖန်တီးပြုလုပ်၍ရနိုင်စေရန် Soundtrap လို့အမည်ပေးထားတဲ့ Spotifiy မှ ပိုင်ဆိုင်သော digital work station တစ်ခုကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။