SpaceX successfully launched a record breaking Falcon 9 mission

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.8.2022 | SpaceX မှ Falcon 9 အာကာသခရီးစဉ်များကို ၂၀၂၂ ခုနှစ်အတွင်း စံချိန်တင်လွှင့်တင်နိုင်ခဲ့

ဇူလိုင်လ ၂၂ ရက်နေ့၊ နေ့လည်ခင်းအချိန်တွင် SpaceX ကုမ္ပဏီမှ ၎င်းတို့ရဲ့ ၃၂ ကြိမ်မြောက် Falcon 9 mission ကို ၂၀၂၂ ခုနှစ်အတွင်း အောင်မြင်စွာလွှင့်တင်နိုင်ခဲ့ပြီး တစ်နှစ်အတွင်း ကမ္ဘာပတ်လမ်းကြောင်းသို့ ခရီးစဉ်ပို့လွှတ်ခြင်းအကြိမ်ရေမှတ်တမ်းကို စံချိန်တင်ချိုးဖက်နိုင်ခဲ့ပါတယ်။ နောက်ပြီး ဒါဟာ ဇူလိုင်လအတွင်းမှာပဲရှိသေးတာဖြစ်တဲ့အတွက် ၎င်းတို့အနေနဲ့ ကျန်ရှိသေးတဲ့လများအတွင်း ယခင်ကထက်ပိုမိုများပြားတဲ့ စံချိန်ကို ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က အနည်းငယ်လျှော့ချခဲ့ခြင်းမှလွဲ၍ SpaceX ဟာ ၎င်းတို့ရဲ့ အာကာသခရီးစဉ်လွှင့်တင်မှုများကို နှစ်စဉ်တိုးမြှင့်ဆောင်ရွက်သွားလျှက်ရှိနေပြီး ၂၀၂၁ ခုနှစ်တွင်တော့ ၎င်းတို့ဟာ အာကာသခရီးစဉ်ပေါင်း ၃၁ ခုကို လွှင့်တင်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်ရဲ့အစမှာတော့ SpaceX ဟာ ယခုနှစ်အတွင်း mission ပေါင်း ၅၂ ခုကို ပြုလုပ်သွားရန် ရည်မှန်းချက်ကြီးကြီးမားမားချမှတ်ထားတာဖြစ်ကြောင်း NASA ရဲ့ လုံခြုံရေးအကြံပေးအဖွဲ့မှ ဇန်နဝါရီလတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး SpaceX အနေနဲ့ ပိုမို၍ အကြိမ်ရေများပြားတဲ့ အာကာသခရီးစဉ်များကိုပြုလုပ်လာတာနဲ့အမျှ လုံခြုံစိတ်ချရမှုအပိုင်းကိုလည်း လစ်ဟာမှုမရှိစေဖို့ ဂရုစိုက်သင့်ကြောင်း သတိပေးစကားပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။