Sony suspends orders for ZV-E10 Vlogging Camera due to the continuation of global semiconductor shortage

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.12.2021 | ကမ္ဘာ့ Semiconductor ရှားပါးမှုပြဿနာ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် Sony မှ ZV-E10 Vlogging Camera အမှာစာများကို ယာယီရပ်ဆိုင်းမှုပြုလုပ်ခဲ့ 

Digital Photography Review မှ သတင်းတစ်ပုဒ်အရ Sony ဟာ ပြီးခဲ့တဲ့ August လတွင် ထုတ်လုပ်ခဲ့သော ၎င်းတို့ရဲ့ ZV-E10 မော်ဒယ် mirrorless vlogging camera အမျိုးအစားကို မှာယူမှုများအား ယာယီရပ်ဆိုင်းမှု ပြုလုပ်လိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

Sony မှ အဆိုပါကင်မရာမှာယူမှုများကို ယာယီရပ်ဆိုင်းလိုက်ခြင်းအား ၎င်းတို့ရဲ့ website ပေါ်မှတဆင့် ကြေငြာခဲ့တာဖြစ်ပြီး ZV-E10 ကို ၎င်းတို့ရဲ့ store ဆိုင်များနဲ့ လိုင်စင်ရ ဖြန့်ချီရောင်းချသူများထံတွင် အချိန်ကာလတစ်ခုကြာသည်အထိ ဆက်လက်၍ ရောင်းချသွားတော့မှာမဟုတ်ဘူးလို့ ရေးသားထားခဲ့ပါတယ်။ “Digital imaging product များနဲ့ စပ်လျှင်း၍ ၎င်းတို့ရဲ့အစိတ်အပိုင်းများကို ထုတ်လုပ်ခြင်းဟာ ကမ္ဘာ့ semiconductor ရှားပါးမှုပြဿနာများကြောင့်နှောင့်နှေးခဲ့ရပါတယ်” ဟူ၍ Sony ရဲ့ အသိပေးကြော်ငြာစာတွင် ရေးသားထားခဲ့ပါတယ်။ 

ယခုနှစ်အတွင်း Sony မှ ယာယီရပ်ဆိုင်းခဲ့ရတဲ့ device များဟာ ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ နိုဝင်ဘာလအတွင်းတွင်လည်း Sony ဟာ A7 11, A6400 နှင့် A1600 စီးရီး ကင်မရာများကို ECM-B1M shotgun mic နှင့် PXW-Z190 camcorder တို့နှင့်အတူ ယာယီရပ်ဆိုင်းမှုများပြုလုပ်ခဲ့ရပါတယ်။ ယနေ့ခေတ်တွင် အခြားသော industry များနည်းတူ ကင်မရာကုမ္ပဏီများဟာလည်း သုံးစွဲသူများရဲ့ ဝယ်လိုအားဖြင့် အလျှင်မှီစေရန်အတွက် ထုတ်လုပ်နိုင်ဖို့ လုံးပမ်းနေရတာဖြစ်ပြီး Nikon ဟာလည်း အစိတ်အပိုင်းများလုံလောက်မှုမရှိတော့တဲ့အတွက် June လအတွင်းတွင် EH-7P AC adapter နှင့်အတူ ၎င်းတို့ရဲ့ Z7 နှင့် Z7 II ကင်မရာများကို ထုတ်လုပ်မှုအား ရပ်ဆိုင်းခဲ့ရတယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။