Sony is producing Horizon Zero Dawn as a TV show together with Netflix

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.6.2022 | Sony က Horizon Zero Dawn ကို Netflix နှင့် ပူးပေါင်း၍ TV show တစ်ခုအဖြစ်ထုတ်လုပ်သွားရန် ဆောင်ရွက်လျှက်ရှိနေ 

Sony က ၎င်းတို့ရဲ့ flagship video game များကို TV show များနှင့် ရုပ်ရှင်များအဖြစ် ပြောင်းလဲထုတ်လုပ်မှုများကို ဆက်လက်၍ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ Variety မှ သတင်းတစ်ပုဒ်အရ Sony ဟာ Horizon Zero Dawn ဂိမ်းကို Netflix နှင့် ပူးပေါင်း၍ TV show တစ်ခုအဖြစ် ဖန်တီးထုတ်လုပ်လျှက်ရှိနေပြီဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံသူအမြောက်အများတက်ရောက်ခဲ့တဲ့ ပွဲတစ်ခုတွင် ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

ဒါ့အပြင် Sony ဟာ Gran Turismo ဂိမ်းစီးရီးကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုကိုလည်း စတင်ထုတ်လုပ်လျှက်ရှိနေပြီဖြစ်တယ်လို့ Deadline မှ သတင်းတစ်ပုဒ်အရ သိရှိရပြီး အဆိုပါရုပ်ရှင်ကားအတွက်တော့ ထုတ်လုပ်သူနှင့် စာချုပ်ချုပ်ဆိုထားရခြင်းမရှိသေးပဲ ဒါရိုက်တာအဖြစ် District 9 ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Neill Blomkamp က ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရှိရပြီး ကားပြိုင်ခြင်းများအကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ 

အထက်ဖော်ပြပါ Project ၂ ခုစလုံးဟာ “အစောပိုင်းရိုက်ကူးဆဲကာလများ” မှာသာ ရှိနေသေးတဲ့အတွက် ဒီ ဇာတ်ကားများကို streaming ပြုလုပ်၍ ကြည့်ရှုနိုင်ဦးမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် Sony က ယခုကဲ့သို့ TV show နှင့် ရုပ်ရှင်ဇာတ်လမ်း အသစ်များကို ဆက်လက်၍ထုတ်လုပ်တင်ဆက်ပေးနေခြင်းက ၎င်းတို့ရဲ့ကုမ္ပဏီဟာ PlayStation အမှတ်တံဆိပ်ကို hardware နှင့် video game များရဲ့ဘောင်ပြင်ပသို့ ချဲ့ထွင်သွားရန် စိတ်အားထက်သန်လျှက်ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။