Sony Bought A Studio Known For Porting Games to PC

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.7.2021 | PC ပေါ်သို့ ဂိမ်းများကို ပြောင်းရွှေ့ပေးခြင်းဖြင့် နာမည်ကျော်ကြားသော Studio တစ်ခုကို Sony မှ ဝယ်ယူခဲ့ 

Sony မှ နောက်ထပ် game studio တစ်ခုကို ထပ်မံ၍ဝယ်ယူလိုက်ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က Sony မှ Nixxes Software ကိုဝယ်ယူခဲ့ကြောင်း ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းဟာ Dutch အခြေစိုက် developer ကုမ္ပဏီတစ်ခုဖြစ်ပြီး Crystal Dynamics, IO Interactive နှင့် Eidos Montreal တို့ရဲ့ ဂိမ်းအချို့အား PC ပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်းကြောင့် နာမည်ကျော်ကြားသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ 

“ဒီဂျစ်တယ်မီဒီယာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ PlayStation Studios နဲ့အတူ လက်တွဲလုပ်ကိုင်၍ ကျွန်ုပ်တို့ရဲ့ နည်းပညာနဲ့ development ပိုင်းဆိုင်ရာကျွမ်းကျင်မှုများကို ဝန်ဆောင်မှုပေးရတော့မယ့်အတွက် အလွန်ပဲ ပျော်ရွှင်စိတ်လှုပ်ရှားမိပါတယ်” ဟူ၍ Nixxes ရဲ့ တည်ထောင်သူနဲ့ development အတွက် အကြီးတန်းဒါရိုက်တာတစ်ဦးဖြစ်သူ Jurjen Katsman မှ ပြောကြားခဲ့ပါတယ်။ 

အဆိုပါဝယ်ယူမှုကြောင့် Sony ဟာ သူတို့ရဲ့ မူပိုင်ဂိမ်းများကို Windows ပေါ်သို့ ဆောင်ကြဉ်းနိုင်ရန်အတွက် အားထုတ်လျှက်ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း Sony ဟာ Horizon Zero Dawn နဲ့ Days Gone တို့ကို Steam နဲ့ Epic Game Store တို့တွင် ရောင်းချခဲ့ပါသေးတယ်။ Sony ရဲ့ President နဲ့ CEO ဖြစ်သူ Jim Ryan ကလည်း ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ မူပိုင်ဂိမ်းများကို အနာဂါတ်တွင် PC ပေါ်၌ ဆော့ကစားနိုင်ရန်အတွက် ပြုလုပ်သွားဖို့ရှိနေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။