Some information about the Upcoming OnePlus Nord N10 5G

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.11.2020 | ထွက်ရှိလာတော့မည့် OnePlus Nord N10 5G ၏ အချက်အလက်အချို့ 

“Nord” စီးရီးရဲ့ ဈေးသက်သာသောဖုန်းများအတွင်း တစ်ခုအပါအဝင်ဖြစ်သော OnePlus Nord N10 5G ဟာ ယခုအခါတွင် ဥရောပနိုင်ငံများတွင် ရရှိနေပြီဖြစ်ကာ မြောက်အမေရိကတိုက်တွင်လည်း မကြာမှီရရှိလာတော့မှာ ဖြစ်ပါတယ်။ N10 5G ကို £329 ခန့်ဖြင့် ရရှိနိုင်မှာဖြစ်ပြီး အမေရိကန်နှင့် ဩစတေးလျတို့တွင် တရားဝင်ထွက်ရှိလာခြင်းမရှိသေးသော်လည်း ဥရောပနိုင်ငံများတွင်ရောင်းချနေသောဈေးအတိုင်း ရောင်းချပေးသွားမည်ဆိုပါက အမေရိကန်ဒေါ်လာ ၄၃၀ ခန့်သာ ကျသင့်တော့မှာဖြစ်တဲ့အတွက် ပါဝင်တဲ့ spec များဖြင့်နှိုင်းယှဉ်လိုက်ပါက အဆိုပါဖုန်းဟာ လက်ရှိဈေးကွက်အတွင်း နှုန်းထားသက်သာသော 5G ဖုန်းများထဲကတစ်ခုဖြစ်လာနိုင်ချေရှိနေပါတယ်။ 

Nord N10 5G တွင်အချို့သောအရာများကိုတော့ အရည်အသွေးလျှော့ချမှုများကို ပြုလုပ်ထားခဲ့ပါတယ်။ ဥပမာအားဖြင့် OLED display အစား LCD display ကိုအသုံးပြုထားပြီး in-screen fingerprint sensor လည်း ပါဝင်လာမှာမဟုတ်ပါဘူး။ ၂၀၂၀ခုနှစ်ထုတ် OnePlus ဖုန်းတိုင်းနှင့် နှိုင်းယှဉ်လိုက်ပါ က ပိုမိုနှေးကွေးသော processor ဖြစ်တဲ့ Snapdragon 690 processor ကိုသာအသုံးပြုထားပြီး IP rated ဖြစ်မှာမဟုတ်သလို ရေစိုခံမှာလည်းမဟုတ်ပါဘူး။ ထို့အပြင် Android OS version အဟောင်းဖြစ်တဲ့ Android 10 ကိုသာအသုံးပြုထားပါတယ်။ သို့သော် အချို့သော premium feature များဖြစ်တဲ့ 5G ရရှိနိုင်ခြင်းနှင့်အတူ 90Hz display နှင့် ကြီးမားတဲ့ 4300 mAh battery တို့ပါဝင်လာမှာဖြစ်ပြီး မည်သည့် OnePlus ဖုန်းအသစ်များတွင်မှ ပါဝင်လာခြင်းမရှိသော expandable memory နှင့် headphone jack တို့လည်း ပါဝင်လာမှာဖြစ်ပါတယ်။ 

N10 5G ဟာ နက်ပြာရောင်နှင့် တောက်ပြောင်သောဒီဇိုင်းရှိပြီး လှပသောဖုန်းတစ်လုံးဖြစ်ပါတယ်။ အဝေးမှကြည့်လိုက်ပါက ဘတ်ဂျက်ဖုန်းတစ်ခုလို့ လုံးဝထင်ရမှာမဟုတ်ပါဘူး။ အဆိုပါဖုန်းဟာ ပို၍လေးပြီး ပို၍လည်းထူကာ bezel များ (အထူးသဖြင့် chin bezel) ဟာ OnePlus မှ ယခုနှစ်အတွင်း ထွက်ရှိခဲ့ဖူးသော ဖုန်းများအားလုံးထက်ပို၍ ကြီးမားနေပါတယ်။ ထို့အပြင် OnePlus ဖုန်းတိုင်းတွင်ပါဝင်သည့် silence/vibrate အတွက် toogle switch လည်း အဆိုပါဖုန်းတွင် ပါဝင်လာတော့မှာမဟုတ်ပါဘူး။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။