Snapchat has established a new deal with Universal Music Group (UMG)

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.7.2021 | Snapchat ဟာ Universal Music Group (UMG) ဖြင့် သဘောတူညီချက်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့ 

Snapchat ဟာ Universal Music Group (UMG) နှင့် သဘောတူညီချက်အသစ်တစ်ခုကိုပြုလုပ်ခဲ့ပြီး အဆိုပါသဘောတူညီချက်ကြောင့် Snap ကိုအသုံးပြုနေသူများအနေနဲ့ in-app sounds library မှတဆင့် UMG မှ အနုပညာရှင်များရဲ့ တေးသီချင်းများကို ထည့်သွင်း၍ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 

ဒါ့အပြင် Snapchat ဟာ အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ Snap များတွင် ထည့်သွင်းမည့် audio content များကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်စေရန်အတွက် sounds option တွင် စုစည်းထားတဲ့ playlist များကို ထည့်သွင်းနိုင်စေရန်အတွက်ကိုလည်း ပြုလုပ်လျှက်ရှိနေပါတယ်။ 

စတင်၍ launch ပြုလုပ်စဉ်က Snapchat ဟာ Warner နဲ့ Sony ရှိ အနုပညာရှင်များရဲ့ တေးသီချင်းများကို ထည့်သွင်းပေးခဲ့ပြီး ယခုအခါတွင်တော့ UMG ရဲ့ အနုပညာရှင်များဖြစ်ကြတဲ့ Lady Gaga, Rihanna နဲ့ 50 Cent တို့အပါအဝင် အခြားသော အနုပညာရှင်များရဲ့ တေးသီချင်းများကိုပါ ထည့်သွင်းပေးနိုင်တော့မှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။