Should you buy Huawei latest smartphone – Mate 40 Pro?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.10.2020 | Huawei ရဲ့ နောက်ဆုံးပေါ် ထွက်ရှိလာတော့မယ့် Mate 40 Pro ကို သင်ဝယ်ယူသင့်သလား? 

ဒီနှစ်အတွင်းတွင် ထွက်ရှိလာမှာဖြစ်တဲ့ Mate 40 Pro ဆိုတဲ့ Huawei ရဲ့ smartphone အသစ်ကို 1199 Euros (1418$) ခန့်ဖြင့် ရောင်းချသွားမှာ ဖြစ်တယ်လို့ သတင်းများအရ သိရှိခဲ့ရပါတယ်။ Specs များအရတော့ Huawei ဟာ သူတို့ရဲ့ smartphone ကို iPhone 12 Pro, Samsung Galaxy S20 နဲ့ Note Series များနဲ့ ပြိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ 

Mate 40 ဟာ အလွန်လှပပြီး ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းနဲ့အတူ နောက်ဆုံးပေါ်နည်းပညာများကို ထည့်သွင်းထားပြီး 5G ကွန်ယက်ကိုအထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ဒီ smartphone တွင် အားနည်းချက် ကြီးကြီးမားမားဖြစ်စေတဲ့ အရာတစ်ခုရှိနေပါတယ်။ အမေရိကန်အစိုးရရဲ့ လက်ရှိချမှတ်ထားဆဲဖြစ်တဲ့ ကန့်သတ်ချက်တွေကြောင့် Huawei ဖုန်းများဟာ မည်သည့် Google ရဲ့ ဝန်ဆောင်မှုများကိုမဆို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး - Gmail, Google Maps, Chrome နဲ့ အရေးအကြီးဆုံးဖြစ်တဲ့ Google Play Store တို့ကို အသုံး ပြုနိုင်တော့မှာမဟုတ်ပါဘူး။ Huawei တွင် သူတို့ကိုယ်ပိုင် app store ရှိသည်မှာ မှန်သော်လည်း ဒီအရာက Google ရဲ့ app store နဲ့တော့ ဘယ်လိုမှနှိုင်းယှဉ်၍ရမှာမဟုတ်တဲ့အတွက် ဒီဖုန်းကို လူတွေက သူ့ရဲ့ပြိုင်ဖက်ဖုန်း တွေကို ကျော်ပြီး ရွေးချယ်ဝယ်ယူကြဖို့ဟာ အလွန်တရာပဲခက်ခဲမှာဖြစ်ပါတယ်။ 

ကျွန်ုပ်တို့ရဲ့အမြင်အရတော့ - 1418 US$ ခန့်ဖြင့် ဝယ်ယူရရှိနိုင်တဲ့ flagship smartphone များ များစွာရှိနေပြီး ထို smartphone များဟာ သင့်ကို Google ရဲ့ဝန်ဆောင်မှုတွေအားလုံးကို အသုံးပြုနိုင်စေမှာဖြစ်တဲ့အပြင် ပါဝင်ပစ္စည်းများအရတွင်လည်း Huawei နဲ့ယှဉ်ပြိုင်နိုင်စွမ်းရှိကြမှာဖြစ်တဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ Mate 40 ရဲ့ ဒီဇိုင်းနဲ့ spec များကို အလွန်တရာနှစ်သက်မှုရှိသော်လည်း လူများရဲ့နေ့စဉ်ဘဝတွင် လိုအပ်မှုရှိသော Google ရဲ့ ဝန်ဆောင်မှုများကို အသုံးမပြုနိုင်ခြင်းဆိုတဲ့ အားနည်းချက်ကြောင့် recommend ပေးဖို့ ခက်ခဲလှပါတယ်။ သို့ပေမယ့်လည်း သင်က Mate 40 ရဲ့ ဒီဇိုင်းပိုင်းနဲ့ spec တွေကို ကြိုက်နှစ်သက်မှုရှိပြီး Google ရဲ့ဝန်ဆောင်မှုများဟာလည်း သင့်အတွက် သိပ်အရေးမပါဘူးဆိုရင်တော့ Mate 40 ဟာ ဝယ်ယူဖို့သင့်တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။