Sealed copy of Super Mario Bros for the NES has been sold for $660,000

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.4.2021 | အသစ်အတိုင်းရှိနေသေးသော NES အတွက် ထုတ်လုပ်ထားသည့် Super Mario Bros ဂိမ်းခွေအား $660,000 ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ 

Online လေလံ website တစ်ခုဖြစ်တဲ့ Heritage မှ ဦးစီးကျင်းပပေးခဲ့သော လေလံပွဲတစ်ခုတွင် အသစ်နီးပါးရှိသော NES (Nintendo Entertainment System) အတွက် ထုတ်လုပ်ထားသည့် Super Mario Bros ဂိမ်းခွေအား $660,000 ဖြင့်လေလံတင်ရောင်းချနိုင်ခဲ့ပြီး အဆိုပါဂိမ်းရဲ့မူရင်းပိုင်ရှင်ဟာ ထိုအထဲမှ $550,000 အားရရှိသွားခဲ့ကြောင်း သတင်းများအရ သိရှိခဲ့ရပါတယ်။ 

အဆိုပါလေလံတင်ရောင်းချမှုကို ကြီးကြပ်ပေးခဲ့သောကုမ္ပဏီဖြစ်တဲ့ Heritage Auction မှ Ars Technica သို့ ပြောကြားချက်အရ အဆိုပါဂိမ်းဟာ ၁၉၈၆ ခုနှစ်တွင် ထွက်ရှိခဲ့တာဖြစ်ပြီး ပြောကြားချက်များအရ အဆိုပါဂိမ်းပိုင်ရှင်မှ အဆိုပါဂိမ်းကို ခရစ်စမတ်လက်ဆောင်အဖြစ် ရရှိခဲ့ပြီးနောက် အံဆွဲတစ်ခုအတွင်းတွင် ဆယ်စုနှစ် ၄ ခုခန့် မေ့လျော့နေခဲ့တာပဲဖြစ်ပါတယ်။ လေလံပွဲသို့ အမည်မဖော်ပြလိုတဲ့ ရောင်းချသူမှ ပြောကြားချက်အရ “ကျွန်တော့်အနေနဲ့ ဒီလောက်ရမယ်လို့ ထင်ကိုထင်မထားခဲ့မိပါဘူး” ဟု ပြောဆိုသွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

ယခင်နှစ်ကလည်း Gaming သမိုင်းတွင် တစ်မူထူးခြားတဲ့ Nintendo PlayStation ရှေ့ပြေးနမူနာစက်တစ်ခုကို $360,000 ဖြင့် အဆိုပါလေလံကုမ္ပဏီမှ ရောင်းချပေးနိုင်ခဲ့ပြီး မကြာသေးမှီကလည်း အမည်မဖော်လိုသူတစ်ဦးမှ အသစ်အတိုင်းရှိနေတဲ့ Super Mario Bros. 3 ဂိမ်းခွေတစ်ခွေကို $156,000 ပေး၍ ဝယ်ယူခဲ့ကြောင်းကိုလည်း Heritage မှ ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။