Samsung has introduced an outdoor television

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.6.2020 | Samsung ဟာ Outdoor Television တစ်လုံးကို စတင်မိတ်ဆက်ခဲ့ပါတယ်။

Samsung ဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ တီထွင်ဆန်းသစ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ထိုအရာကို outdoor QLED TV Terrace TV ဟုခေါ်ဆိုပြီး IP55 resistance ရှိတဲ့အတွက် မိုးရေစို ခြင်းနဲ့ မြင့်မားသောအပူချိန်များကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ 

ဒီတစ်ကြိမ်တွင် Samsung ဟာ တစ်ကယ့်ကိုအထူးပြုလုပ်ထားတဲ့ outdoor TV တစ်ခုဖြစ်တဲ့ Terrace TV ကိုပြသခံတာဖြစ်ပါတယ်။ သင့်အနေနဲ့ ယခုအခါတွင် ပန်းခြံထဲတွင် မိသားစုနဲ့အတူ အကင်များကင်ရင်းနဲ့ TV ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ 

IP55 resistance ရှိတဲ့အတွက် ဒီအရာကို ပြင်ပတွင်ထားရှိနိုင်ပြီး သင့်အနေနဲ့ မိုးရေစိုခြင်း၊ ဖုန်တင် ခြင်းတို့အတွက်ပူပင်စရာလိုတော့မှာမဟုတ်ပါဘူး။ ၎င်းဟာ -30 ° C မှ 50 ° C အထိခံနိုင်ရည်လည်း ရှိတဲ့အတွက် ဆောင်းတွင်း၊ ဒါမှမဟုတ် အလွန်ပူပြင်းတဲ့အချိန်များတွင်တောင်မှ ထိုအရာကိုသန့်ရှင်း ရေးပြုလုပ်ပေးဖို့လဲလိုမှာမဟုတ်ပါဘူး။ 

အဝေးထိန်းခလုတ်ကပိုပြီးတော့ အကြမ်းခံနိုင်ပါတယ်။ IP56 ခံနိုင်စွမ်းရှိတဲ့အတွက် Water Jet ရေပန့်များနဲ့ထိုးရင်တောင်မှ ဖြုံမှာမဟုတ်ပါဘူး။ 

သင့်ရဲ့အကြိုက် ပြပွဲများကို 4K resolution နဲ့ QLED screen ပေါ်တွင် 2000 nits အထိရရှိနိုင်တဲ့ အလင်းအားနဲ့ ကြည့်ရှုနိုင်တော့မှာဖြစ်တဲ့အပြင် ၎င်းမှာ အလင်းပြန်ခြင်း ၂% သာရှိတဲ့ အလင်းပြန် ခြင်းကိုကာကွယ်ပေးနိုင်တဲ့ အလွှာလဲပါဝင်မှာဖြစ်ပါတယ်။ 

Power နဲ့ ဒေတာများပေးပို့ခြင်းကို OneConnect ကေဘယ်လ်တစ်ခုတည်းနဲ့ပေးပို့သွားမှာဖြစ်သော် လည်း အခြားသော Samsung TV များကဲ့သို့ပင် သင်ဟာ အခြားသော port များအားလုံးကိုလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Tizen operating ststem ပါဝင်တဲ့ ဒီတီထွင်မှုအသစ်ဟာ ၅၅လက်မ၊ ၆၅လက်မနဲ့ ၇၅လက်မ အရွယ်အစားများကိုရရှိနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ထိုအရာများကို မြောက်အမေရိကတိုက် တွင်သာရရှိနိုင်ဦးမှာဖြစ်ပြီး ၅၅လက်မအရွယ်တီဗီတစ်လုံးအတွက် 3499 $ ကျသင့်မှာဖြစ်ပါတယ်။ 

ရေနဲ့ ဖုန်များဝင်ရောက်ခြင်းနဲ့ အလွန်ဆိုးရွားသောရာသီဥတုများမှကာကွယ်ရန်အတွက် အကာကွယ် cover (သို့) Terrace Soundbar outdoor speaker ကိုလည်း 1200 $ နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါ တယ်။

(Unicode)









သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။