Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Samsung မှ တေးသီချင်းများကိုနှစ်သက်သူများအားလုံးအတွက် Wireless earbuds ဖြစ်တဲ့ Galaxy Buds Pro အသစ်ကို ကြေငြာပေးလိုက်ပြီပဲဖြစ်ပါတယ်။ ထိုအရာတွင် Active noise cancelling, ကြည်လင်ပြတ်သားသော microphone များနဲ့ အရည်အသွေးမြင့်အသံစနစ်တို့ပါဝင်လာမှာပဲဖြစ်ပါတယ်။
Earbud တစ်ခုစီတိုင်းတွင် 11 မီလီမီတာသာရှိသော woofer ကို ပိုမိုနက်ရှိုင်းသော bass အသံရရှိနိုင်ရန် ထည့်သွင်းပေးထားပြီး ပိုမိုကောင်းမွန်သော treble ရရှိနိုင်ရန်အတွက်လည်း 6.5 မီလီမီတာအရွယ်အစားရှိ tweeter ကို ထည့်သွင်းပေးထားပါတယ်။ သူတို့ရဲ့ intelligent ANC (Active Noise Cancelling) စွမ်းဆောင်ရည်များကြောင့် သင့်အနေနဲ့ နောက်ခံအသံများကို ၉၉% အထိလျှော့ချပေးနိုင်မှာဖြစ်ပြီး သင့်အနေနဲ့ ပတ်ဝန်းကျင်ရှိအသံများကိုကြားနိုင်ရန်လိုအပ်တဲ့အခါများတွင် Ambient Sound Mode သို့ ပြောင်းလဲပေးလိုက်ခြင်းအားဖြင့် အနီးအနားရှိအသံများကို 20 decibel ထက်ပိုမိုသည့်အသံကျယ်လောင်မှုနှုန်းရရှိနိုင်ရန်အထိ တိုးချဲ့ပေးနိုင်မှာဖြစ်ပါတယ်.
Samsung Galaxy Buds Pro တွင် microphone ၃ ခုပါဝင်မှာဖြစ်ပြီး Voice Pickup Unit (VPU) ဟာလည်း earbud တစ်ဖက်စီတိုင်းတွင်ပါဝင်မှာဖြစ်တဲ့အတွက် သင့်ရဲ့အသံကို တစ်ဖက်မှနားထောင်နေသူမှ ရှင်းလင်းပြတ်သားစွာကြားရစေမှာပဲဖြစ်ပါတယ်။ ပြင်ပတွင်တပ်ဆင်ထားတဲ့ microphone တစ်ခုစီဟာ နောက်ခံအသံများကို ထိုအရာရဲ့ high signal-to-noise ratio rating အရ ဖြတ်တောက်ပေးဖို့ရည်ရွယ်တပ်ဆင်ထားတာဖြစ်သလို အဆိုပါ Galaxy Buds များတွင် Auto Switch ကဲ့သို့သော feature များလည်း ပါဝင်လာမှာဖြစ်ပါတယ်။ အရောင်အားဖြင့် ၃ ရောင်ဖြင့်ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းမှာ 199$ ဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ မှာယူရရှိနိုင်ပြီဟူ၍ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။