Russia lifted the ban on the Telegram

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.7.2020 | Telegram app အပေါ် ရုရှားနိုင်ငံကပိတ်ဆို့ထားခြင်းအား ဖြေလျှော့ပေးခဲ့

ထိုအရာရဲ့နောက်ကွယ်က အကြောင်းကတော့ Telegram ဟာ အကြမ်းဖက်မှုပပျောက်ရေးအတွက် ကူညီပေးလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကိုပြသခဲ့လို့ပဲဖြစ်ပါတယ်။ 

ထို app ထွက်ရှိပြီး ၂နှစ်အကြာအထိ စည်းကမ်းသတ်မှတ်ချက်များပြုလုပ်ရာတွင် မအောင်မြင်ခဲ့တဲ့ နောက်မှာတော့ ရုရှားနိုင်ငံဟာ Telegram အပေါ်ပိတ်ဆို့ထားခြင်းကိုဖြေလျှော့ပေးခဲ့ခြင်းဖြစ်သော် လည်း အကြောင်းပြချက်ကတော့ Telegram ဟာ အကြမ်းဖက်မှုကိုတိုက်ဖျက်ရန်ကူညီပေးလိုတဲ့ ဆန္ဒရှိကြောင်းပြသခဲ့လို့ဟူ၍ဖြစ်ပါတယ်ဟု ဒေသခံတစ်ဦးဖြစ်သူ Roskomnadzor က ပြောကြား ခဲ့ပါတယ်။ ယခင်ကတော့ ရုရှားဟာ Telegram ကို encryption key များကို သူတို့အားပေးစေလို ပြီး ထိုအရာကိုအသုံးချကာ အသုံးပြုသူများရဲ့ အချက်အလက်များကိုဝင်ရောက်ကြည့်ရှုနိုင်စေဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ Telegram က အဆိုပါတောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပါတယ်။  ထိုအရာနဲ့ ပက်သတ်ပြီး နှစ်ဖက်စလုံးဟာ အားပြိုင်လျှက်ရှိနေခဲ့တာဖြစ်ပြီး IP address ပေါင်း ၁၈.၆ သန်းကို ပိတ်ဆို့ခဲ့သည့်အထိ ထူးဆန်းတဲ့အကြံအစည်များပါ ပါဝင်လျှက်ရှိခဲ့ကာ ထိုအရာက Google နှင့် Amazon ကဲ့သို့သောဝန်ဆောင်မှုများသို့ဝင်ရောက်အသုံးပြုနိုင်မှုကိုပါထိခိုက်မှုရှိစေခဲ့ပြီး ရုရှားကုမ္ပဏီများ အတွက်လည်း အခက်အခဲများကိုဖြစ်ပေါ်စေခဲ့ပါတယ်။ VPN များကို ပိတ်ဆို့ခြင်းနှင့် anonymizer များကို ပိတ်ဆို့ခြင်းများဟာလည်း အသုံးမဝင်ခဲ့ပါဘူး။ ဖတ်ရှုရန် - ရုရှားဟာ Telegram messenger app အပေါ်ပိတ်ဆို့ထားခြင်းအားဖြေလျှော့ခဲ့ပါတယ်။ 
 

(Unicode)



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။