Russia fines Google over illegal content breach

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.1.2022 | ရုရှားနိုင်ငံတွင် Google အား နိုင်ငံအတွင်းတရားမဝင်သည့် content များကို ပြသနေခြင်းကြောင့် ဒဏ်ကြေးပေးဆောင်စေခဲ့ 

မော်စကိုမြို့တရားရုံးမှ ရရှားနိုင်ငံတွင် တရားမဝင်သည့် content များအား ဖျက်သိမ်းရန် မကြာခဏပျက်ကွက်ခဲ့ခြင်းကြောင့် ကန်ဒေါ်လာ ၉၈ သန်းနှင့်ညီမျှတဲ့ ရုရှားနိုင်ငံသုံးငွေ ရူဘယ်ပမာဏကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့တယ်လို့ BBC မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

ဒါဟာ ရုရှားနိုင်ငံရဲ့သမိုင်းတစ်လျှောက်တွင် ၎င်းတို့ နှစ်စဉ်ရရှိနေတဲ့ အမြတ်ငွေအပေါ်မူတည်၍ နည်းပညာကုမ္ပဏီတစ်ခုကို ပထမဆုံးအနေနဲ့ ဒဏ်ကြေးသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဘယ်လို content တွေက တရားမဝင်ဘူးလဲဆိုတာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တရားရုံးမှပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထည့်သွင်းဖော်ပြသွားခြင်းမရှိသေးပါဘူး။ 

ရုရှားနိုင်ငံအာဏာပိုင်များဟာ ယခုနှစ်အတွင်းတွင် နိုင်ငံတွင်းအရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုပြုလုပ်ပြီး ၎င်းတို့ရဲ့ content များကို သင့်လျော်တဲ့ကြီးကြပ်ကွပ်ကဲမှုများပြုလုပ်ထားခြင်းမရှိဘူးဟူသည့် စွပ်စွဲချက်ဖြင့် နည်းပညာကုမ္ပဏီကြီးများအပေါ် ဖိအားပေးမှုများမြင့်တက်လျှက်ရှိနေပြီး Google ကို ထိုသို့အမိန့်ချမှတ်ခဲ့ပြီး နာရီပိုင်းခန့်အကြာတွင် Facebook ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်တဲ့ Meta ကိုလည်း အလားတူစွဲချက်များဖြင့် အရေးယူမှုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။