Russia Begin Laying Its First Undersea Fiber Optic Cable

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.8.2021 | ရုရှားနိုင်ငံမှ ပထမဆုံး ပင်လယ်အောက် Fiber Optic Cable ကို သွယ်တန်းမှုပြုလုပ်ခဲ့

ရုရှားနိုင်ငံတွင် ဩဂုတ်လ ၆ ရက်နေ့ကစတင်ကာ နိုင်ငံပိုင်ပရောဂျက်တစ်ခုအနေဖြင့် မြန်နှုန်းမြင့်အင်တာနက်ကို ရုရှားနိုင်ငံမြောက်ပိုင်း Hydrocarbon ကြွယ်ဝသောဒေသများတွင် ရရှိနိုင်ရန်အတွက် ရုရှားရဲ့ ပထမဆုံးသော ပင်လယ်အောက် Fiber Optic Communications Cable ကို အာတစ်ဒေသအားဖြတ်သန်း၍ စတင်တည်ဆောက်မှုများပြုလုပ်နေပြီဖြစ်ကြောင်း Reuters သတင်းဌာနမှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

Moscow ဟာ သူတို့ရဲ့စစ်တပ်များထားရှိထားတဲ့ မြောက်ဖျားပိုင်းဒေသများရှိ ဆက်သွယ်ရေးစနစ်များကောင်းမွန်မှုရှိစေရန်နှင့် မြောက်ပိုင်းပင်လယ်လမ်းကြောင်းကို အဓိက ကုန်စည်ကူးသန်းရာ လမ်းကြောင်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်လျှက်ရှိနေပါတယ်။ 

၂၀၂၆ ခုနှစ်တွင် အပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းရတဲ့ အဆိုပါ cable link ဟာ ၁၂,၆၅၀ ကီလိုမီတာ (မိုင်ပေါင်း ၇,၈၆၀) ကို ဖြတ်သန်း၍ ရရှားနိုင်ငံရဲ့ ရှည်လျှားတဲ့မြောက်ပိုင်းကမ်းခြေများကို Barents ပင်လယ်ပေါ်ရှိ Teriberka ရွာမှ အရှေ့ဖျားပိုင်းရှိ Valdivostok ဆိပ်ကမ်းအထိ သွယ်တန်းသွားမှာဖြစ်ပါတယ်။ 

“Polar Express” ဟု အမည်ပေးထားတဲ့ အဆိုပါပရောဂျက်ကို နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Morsviazsputnik မှ အာတစ်ဒေသရှိ ဆိပ်ကမ်းမြို့များ၊ Kamchatka ပင်လယ်အော်နှင့် Sakhalin ဒေသများတွင် တည်ငြိမ်သောအင်တာနက်ကိုရရှိအသုံးပြုနိုင်ရန်အတွက် operate ပြုလုပ်ပေးသွားမှာဖြစ်ပြီး ကေဘယ်လ်ကြိုးထုတ်လုပ်မှုနှင့် တပ်ဆင်မှုကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ Alexei Strelchenko ကတော့ အဆိုပါပရောဂျက်ဟာ ရုရှားငွေ ၆၅ ဘီလျံ (ကန်ဒေါ်လာ ၈၈၉ သန်း) ကျသင့်မှာဖြစ်ပြီး ကျသင့်ငွေအားလုံးကို ရရှားနိုင်ငံမှ အကုန်အကျခံပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။