Romance scammers made a total of $139 million in cryptocurrency last year

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.2.2022 | အချစ်ကိုခုတုံးပြုလုပ်၍ လိမ်လည်မှုများကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကန်ဒေါ်လာ ၁၃၉ သန်း ဆုံးရှုံးခဲ့

အမေရိကန် Federal Trade Commission (FTC) မှ ပြုလုပ်ခဲ့တဲ့ ကြေငြာချက်တစ်ခုအရ - ပြီးခဲ့တဲ့နှစ်အတွင်း အချစ်ကိုခုတုံးပြုလုပ်၍ လိမ်လည်သူများဟာ စုစုပေါင်း ကန်ဒေါ်လာ ၁၃၉ သန်းအထိ ရရှိခဲ့ပြီး အဆိုပါ ပမာဏဟာ ၂၀၂၀ ခုနှစ်အတွင်း cryptocurrency ခိုးယူမှုများထက် ၅ ဆ ခန့်ပိုမိုများပြားလျှက်ရှိနေတယ်လို့ သိရှိရပါတယ်။ 

Romance scam ဆိုသည်မှာ လိမ်လည်မှုပုံစံတစ်မျိုးဖြစ်ပြီး scammer က catfishing လို့လည်း ခေါ်ဝေါ်လေ့ရှိတဲ့ online identity အတုတစ်ခုကို ပြုလုပ်ကာ လိမ်လည်ခံရသူရဲ့ ချစ်ခင်မှုနှင့် ယုံကြည်မှုကို လှည့်ဖျားရယူပြီး လိမ်လည်ပုံတစ်မျိုးပဲဖြစ်ပါတယ်။ ပြီးနောက်မှာတော့ လိမ်လည်မည့်သူက ချစ်ခင်မှု (သို့မဟုတ်) ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး လိမ်လည်ခံရမည့်သူကို လှည့်ဖျားကာ ခိုးယူမှုပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ 

ထိုကဲ့သို့သောကိစ္စများတွင် ဆုံးရှုံးမှုအများစုမှာ crypto ငွေကြေးလိမ်လည်မှုများမှ ဖြစ်ပေါ်ခဲ့သော်လည်း လိမ်လည်မှုအများစုကတော့ လွယ်ကူစွာဝယ်ယူရရှိနိုင်တဲ့ gift card များကိုအသုံးပြု၍ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး - gift-card related romance scam များကြောင့် ကန်ဒေါ်လာ ၃၆ သန်းခန့် ဆုံးရှုံးခဲ့ရတယ်လို့ FTC ရဲ့ ကြေငြာချက်အရ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။