Rivian is laying off 6 percent of its employees

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.8.2022 | Rivian မှ ၎င်းတို့ဝန်ထမ်းအင်အားစုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းကို အလုပ်မှရပ်နားမှုပြုလုပ်ခဲ့ 

လျှပ်စစ်ကားထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Rivian ဟာ ၎င်းတို့ရဲ့ဝန်ထမ်းစုစုပေါင်းအင်အား ၁၄,၀၀၀ အနက်မှ ၆ ရာခိုင်နှုန်း (တနည်းအားဖြင့်) လူ ၈၀၀ ခန့်ကို အလုပ်မှရပ်နားမှုပြုလုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Amy Mast မှ email တစ်ခုတွင် အတည်ပြုပြောကြားခဲ့ပါတယ်။ 

သူမရဲ့ ပြောဆိုချက်အရ ကုမ္ပဏီဟာ အနာဂါတ်တွင် ၎င်းတို့ထုတ်လုပ်သွားမည့် လျှပ်စစ်ထရပ်ကားများနှင့် SUV များရဲ့ ထုတ်လုပ်ရေးပိုင်းကို ပိုမိုမြန်ဆန်မှုရှိလာစေရန်အတွက် ထိုသို့ဆုံးဖြတ်ချက်ချမှတ်လိုက်ရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ 

Mast က "ယနေ့တွင် Rivian ရဲ့ team ကို အကြမ်းဖျင်းအားဖြင့် ၆ ရာခိုင်နှုန်းခန့်လျှော့ချသွားဖို့ဆိုတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ကြေငြာခဲ့ရပါတယ်" "ဒီဆုံးဖြတ်ချက်ဟာ ကျွန်ုပ်တို့ရဲ့ အဓိကဦးစားပေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျွန်ုပ်တို့ရဲ့ဝန်ထမ်းများကို ကိုက်ညီမှုရှိလာစေရန်အတွက် အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပြီး သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ယာဉ်ထုတ်လုပ်ရေးအစီအစဉ်များကို အရှိန်မြှင့်တင်ရန်၊ R2 နှင့် အနာဂါတ်တွင်ထုတ်လုပ်သွားမည့် အခြားသော ကားမော်ဒယ်များကို ပိုမိုမြန်ဆန်စွာ ထုတ်လုပ်နိုင်ရန်၊ ကျွန်ုပ်တို့ရဲ့ go-to-market program များကို ထုတ်လွှင့်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းတစ်ခုလုံး၏ ကုန်ကျစားရိတ်များကို ပြန်လည်ချိန်ညှိမှုပြုလုပ်ရန် လိုအပ်လို့ပဲ ဖြစ်ပါတယ်" ဟူ၍ ရေးသားထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။