Rivian is delaying it’s Electric Vehicle until 2023

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.1.2022 | Rivian မှ ၎င်းတို့ရဲ့လျှပ်စစ်ကားထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ်အထိ ရွှေ့ဆိုင်းမှာဖြစ်ကြောင်း ကြေငြာ 

Rivian မှ ပုံမှန် standard “large” battery pack ပါဝင်မည့် လျှပ်စစ်ကားများကို ယခုနှစ်တစ်လျှောက်လုံးတွင် ထုတ်လုပ်သွားဖို့ စီစဉ်ထားတဲ့အတွက် ၎င်းတို့ရဲ့ “Max Pack” battery option ပါဝင်မည့် R1T pickup truck များကို ၂၀၂၃ ခုနှစ်တွင်မှ စတင်တည်ဆောက်သွားမှာဖြစ်တယ်လို့ ကြေငြာချက်တစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။ 

CEO ဖြစ်သူ RJ Scaringe မှ ရေးသားခဲ့တဲ့ e-mail တစ်စောင်တွင် ကုမ္ပဏီမှ မော်ဒယ်ပိုမိုမြင့်မားတဲ့ “Adventure Package” truck များကို ပုံမှန်ဘက်ထရီဆိုဒ်များဖြင့် ဦးစွာရောင်းချသွားဖို့ရှိနေပြီး ပိုမိုကြီးမားတဲ့ ဘက်ထရီဆိုဒ်ဖြင့်ထွက်ရှိလာမည့် ဈေးနှုန်းသက်သာတဲ့ “Explorer Package” များကိုတော့ နောက်ပိုင်းတွင်မှ ရောင်းချသွားမှာဖြစ်တယ်လို့ ရေးသားထားကြောင်း သိရှိရပါတယ်။ 

Rivian ကုမ္ပဏီမှ ၎င်းတို့ရဲ့ truck ကားများကို ၂၀၁၈ ခုနှစ်တွင် စတင်ချပြခဲ့စဉ်က ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း ၄၀၀ ခန့်မောင်းနှင်နိုင်သော 180kWh ပါဝင်တဲ့ Max Pack များဟာ အကြီးမားဆုံး selling point တစ်ခုဖြစ်ခဲ့ပါတယ်။ Standard truck များတွင်ထည့်သွင်းတည်ဆောက်ထားတဲ့ “large” battery pack ဟာတော့ ခန့်မှန်းခြေအားဖြင့် ၃၁၄ မိုင်ခန့်သာ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ Rivian ရဲ့ဈေးကွက်ပစ်မှတ်တစ်ခုဖြစ်တဲ့ off-road ကားမောင်းနှင်သူနှင့် စွန့်စားခန်းဖွင့်ချင်သူများအတွက်တော့ အပိုမောင်းနှင်နိုင်တဲ့ မိုင်တိုင်းဟာ အရေးပါလျှက်ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။