REvil ransomware group demanded $50 million from Acer

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.3.2021 | REvil ransomware အဖွဲ့က Acer ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ အားခြိမ်းခြောက်၍တောင်းခံခဲ့ 

REvil ransomware အဖွဲ့ဟာ ယခုဆိုရင်တော့ နောက်ထပ်ငါးကြီးကြီးတစ်ကောင်ကို ဖမ်းမိလိုက်ပါပြီ။ ထိုင်ဝမ်ကွန်ပြူတာထုတ်လုပ်သူကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Acer သို့ပစ်မှတ်ထားပြီး ransomware တိုက်ခိုက်မှုမှတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ခြိမ်းခြောက်၍တောင်းခံနေပြီပဲဖြစ်ပါတယ်။ 

Acer ဘက်မှ ကိုယ်စားလှယ်တစ်ဦးနှင့် အဆိုပါ hacking အဖွဲ့တို့အကြားပြုလုပ်ခဲ့တဲ့ ပြောဆိုမှုများအရ အဆိုပါပမာဏကို လာမည့်ဗုဒ္ဓဟူးနေ့မတိုင်ခင်ပေးမည်ဆိုပါက ဖော်ပြပါပမာဏကို ၂၀% လျှော့ပေးသွားမှာဖြစ်ပြီး အကယ်၍ နောက်ထပ် ၈ ရက်အကြာတွင်မှ မည်သည့်တုန့်ပြန်မှုမျိုးကိုမှ ပြုလုပ်ခြင်းမရှိခဲ့ရင်တော့ အမေရိကန်ဒေါ်လာသန်း ၁၀၀ အထိ တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။ 

REvil group ရဲ့ “leaks” site ပေါ်တွင် Acer ရဲ့ ဒေတာများကို စာရင်းပြုစု၍လေလံတင်ရင်စာရင်းတွင်လည်း သူတို့မှထည့်သွင်းထားခဲ့ပြီး တင်ထားတဲ့ နမူနာဖိုင်တစ်ခုတွင် Customer များရဲ့ ဒေတာအချက်အလက်အပြည့်အစုံနှင့် အကောင့်နံပါတ်များ၊ credit limit များအထိကို တစိတ်တပိုင်းဖော်ပြထားလျှက်ရှိနေပြီး Acer ဘက်မှတော့ ထိုအရာနှင့်ပတ်သက်၍ ဖြေရှင်းချက်တစ်စုံတစ်ရာကို ပေးထားခြင်းမရှိသေးပါဘူး။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။