Resident Evil VIII: Village Release Date and Leaks

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.1.2021 | Resident Evil VIII: Village ရဲ့ release date နဲ့ Leak အချို့ 

Resident Evil Game များဟာ ဂိမ်းကစားသူများအဖို့ အကြိုက်တွေ့စေခဲ့တဲ့ စီးရီးတစ်ခုဖြစ်ခဲ့ပြီး ယခုအခါမှာဆိုရင်တော့ Resident Evil VIII: Village ဟာ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ Capcom မှ အဆိုပါ ဂိမ်းကို မေလ ၇ ရက်နေ့တွင် ထွက်ရှိလာမှာဖြစ်တယ်လို့ ကြေငြာခဲ့ပြီး PlayStation 5, PlayStation 4, Xbox Series X/S, Xbox One, နဲ့ PC တို့တွင် ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ 

Platform များအားလုံးအတွက် စမ်းသပ်ဆော့ကစားနိုင်ဖို့ demo version ကိုလည်း အခမဲ့ download ပြုလုပ်ခွင့်ပေးသွားမှာဖြစ်သလို Gameplay ပိုင်းအရ ယခင် RE VII နဲ့ ဆင်တူတာကို တွေ့ရှိရမှာဖြစ်ပြီး First Person Shooter အနေနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။ 

Graphic ပိုင်းအရမှာတော့ 30 fps, 60 fps တို့နဲ့ ဆော့ကစားနိုင်မှာဖြစ်ပြီး ray-tracing effect များကိုလည်း Resident Evil စီးရီးဂိမ်းများအတွက် ပထမဦးဆုံးအနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Deathmatch ပုံစံနဲ့ ဆော့ကစားရမယ့် Multiplayer Mode ကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သတင်းများအရ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။