Researchers discovered a new Trojan Malware dubbed Vultur 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.8.2021 | Vultur ဟုအမည်ရသော Trojan Malware အသစ်တစ်မျိုးကို သုသေသနပညာရှင်များမှ တွေ့ရှိခဲ့ 

Amsterdam မြို့အခြေစိုက် cybersecurity ကုမ္ပဏီတစ်ခုဖြစ်တဲ့ ThreatFabric ဟာ Android device များပေါ်တွင် login အချက်အလက်များကို နည်းလမ်းအသစ်ကို အသုံးပြု၍ ခိုးယူလျှက်ရှိနေတဲ့ Vultur ဟု အမည်ရတဲ့ Malware အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။ 

ArsTechnica မှ သတင်းတစ်ပုဒ်အရ Vultur ဟာ အချက်အလက်များကို ခိုးယူနိုင်ရန်အတွက် ယခင်ကပုံမှန်အသုံးပြုလေ့ရှိသောနည်းလမ်းများမှ ကွဲထွက်နေတဲ့ Virtual Network Computing နှင့် Remote Access Ability များကို အသုံးချ၍ ကြိုတင်သတ်မှတ်ထားတဲ့ application များပေါ်တွင် အသုံးပြုသူမှ သူတို့ရဲ့ login အချက်အလက်များကို ထည့်သွင်းလိုက်သည်နှင့် device ရဲ့ screen ကို record ပြုလုပ်နိုင်စွမ်းရှိနေပါတယ်။ 

ThreatFabric ရဲ့ အဆိုအရ Vultur ဟာ Android device များပေါ်တွင် တွေ့ရလေ့ရှိတဲ့ Accessibility Services များပေါ်တွင် များစွာမှီခိုအားထားပြီး လုပ်ဆောင်ချက်များကို ပြုလုပ်နေတာဖြစ်ပါတယ်။ “Malware ကို စတင်လိုက်သည်နှင့် app ရဲ့ icon ကို အလိုအလျှောက် hide ပြုလုပ်လိုက်ပြီးနောက် Accessibility Service များကို အသုံးချ၍ ကောင်းစွာ operate ပြုလုပ်၍ရနိုင်ရန်အတွက် လိုအပ်သော permission များကို ရယူနိုင်စွမ်းရှိနေပါတယ်။”

Vulture ရဲ့ အကြီးဆုံးခြိမ်းချောက်မှုတစ်ရပ်ကတော့ အဆိုပါ malware ရှိနေတဲ့ Android device များရဲ့ screen များကို recording ပြုလုပ်နိုင်စွမ်းပဲဖြစ်ပါတယ်။ Accessibility Services များကို အသုံးချပြီး ဘယ်လို application များကို အသုံးပြုသူမှ ဖွင့်ထားသလဲဆိုတာကို စောင့်ကြည့်နေနိုင်ပြီး အဆိုပါ application ဟာ Vultur ရဲ့ ပစ်မှတ်စာရင်းတွင် ပါဝင်နေတဲ့ application ဖြစ်ပါက အဆိုပါ Trojan virus ဟာ အသုံးပြုသူမှ ရေးသားထည့်သွင်းလိုက်တဲ့ အရာအားလုံးကို recording စတင်ပြုလုပ်သွားနိုင်စွမ်းရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။