Remote Working is the Future – Facebook said

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.4.2021 | အဝေးမှအလုပ်လုပ်ရခြင်း (Remote Working) ဟာ အနာဂါတ်တစ်ခုဖြစ်လာနိုင်ကြောင်း Facebook မှ ပြောဆိုခဲ့ 

BBC သတင်းတစ်ပုဒ်အရ အဝေးမှအလုပ်လုပ်ရခြင်း (Remote Working) သည် “အနာဂါတ်” ဖြစ်လာနိုင်တယ်လို့ ထင်မြင်မိကြောင်း Facebook ကတော့ ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောဆိုချက်အရ ဝန်ထမ်းများအနေနဲ့ ဆက်လက်ပြီး Work From Home ပြုလုပ်နေနိုင်တယ်လို့ ဆိုထားခဲ့ပြီး အခြားသော နည်းပညာကုမ္ပဏီကြီးအချို့ကတော့ ဒီအရာကိုသိပ်ပြီး သဘောကျကြပုံမရပါဘူး။ 

Facebook တွင်အလုပ်လုပ်ကိုင်နေသူများအနေဖြင့် အဝေးမှအလုပ်လုပ်ရန် ဖြစ်နိုင်သော ရာထူးနေရာများအတွက် အမြဲတမ်း Remote Working ပြုလုပ်နိုင်ရန်လျှောက်ထားနိုင်ပြီး ထိုအရာအား မန်နေဂျာများမှတဆင့် ပြန်လည်၍ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလကလည်း Mark Zukerberg ဟာ ကုမ္ပဏီရဲ့ ၅၀% သောဝန်ထမ်းများဟာ လာမယ့် ၅နှစ်မှ ၁၀နှစ်အတွင်း အဝေးမှသာအလုပ်လုပ်ကြရတော့မည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ပါသေးတယ်။ 

တစ်ချိန်တည်းမှာပဲ Twitter ရဲ့ Jack Dorsey ကလည်း သူ့ရဲ့ဝန်ထမ်းများအနေဖြင့် “ယခုအခါတွင် Work from Home အမြဲတမ်းပြုလုပ်နိုင်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ သို့သော်လည်း Microsoft ကတော့ အောက်တိုဘာလအတွင်းကျင်းပခဲ့တဲ့အစည်းအဝေးပွဲတစ်ခုတွင် တစ်ကိုယ်ရည်ဘဝနဲ့ အလုပ်ဘဝနေထိုင်မှုရောထွေးလာခြင်းဟာ “သင်အလုပ်စားပွဲပေါ်တွင်လာအိပ်နေသကဲ့သို့ ခံစားရပါတယ်” ဟူ၍ ပြောဆိုခဲ့သလိုပဲ ပြီးခဲ့တဲ့လအတွင်း Google မှလည်း ဝန်ထမ်းများကိုရုံးပြန်တက်စေဖို့စီစဉ်ထားတဲ့အချိန်ကို ရှေ့သို့တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။