Read this if you are considering to buy Apple’s AirPods Max

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.1.2021 | ဒါကိုဖတ်ပြီးမှ Apple ရဲ့ AirPods Max ကို ဝယ်ဖို့ စဉ်းစားပါ။

Apple မှ ထွက်ရှိလာတော့မည့် AirPods Max ဟာဈေးအကြီးဆုံးသော AirPods တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီ AirPods နဲ့ပတ်သက်တဲ့ ကွန်ပလိန်းများလည်းများစွာထွက်ပေါ်လာခဲ့ပြီး အကြီးဆုံးပြဿနာတစ်ခုကတော့ နာရီပိုင်းမျှအသုံးပြုရုံနဲ့ နားကြပ်အုံအတွင်းမှာ ရေများစုဝေးလာခြင်းပဲဖြစ်ပါတယ်။ ပိုဆိုးတာကတော့ ဒီအရာဟာ ပြင်ဆင်၍မရနိုင်တဲ့ ဒီဇိုင်းအားနည်းချက်တစ်ခုကြောင့် ဖြစ်နေနိုင်တာပါပဲ။

Twitter ပေါ်တွင် အသုံးပြုသူတစ်ယောက်ကရေးသားထားသည်မှာ - “ကျွန်မရဲ့ AirPods Max ဟာ အချိန်ကြာကြာအသုံးပြုလိုက်ရင် ရေတွေသီးလာပါတယ်။ ဒါကိုဘယ်တုန်းကမှ စွတ်စိုတဲ့ပတ်ဝန်းကျင်မှာ အသုံးမပြုခဲ့ပါဘူး။ Driver ထဲသို့ ရေများဝင်ပြီး ear detection ပြဿနာများဖြစ်လာခဲ့ပါတယ်။ အများအားဖြင့် ကျွန်မရဲ့အလုပ်စားပွဲပေါ်မှာထိုင်ရင်းနဲ့သာ ဒါကိုအသုံးပြုလေ့ရှိပြီး အကြမ်းပတမ်းအသုံးပြုခဲ့တာမျိုးမရှိပါဘူး။ ဒါဟာအတော်ကိုစိတ်ပူစရာကောင်းတဲ့ ပြဿနာတစ်ခုပါပဲ။” ဟူ၍ဖြစ်ပြီး အခြားများစွာသောအသုံးပြုသူများကလည်း တူညီတဲ့ပြဿနာကိုထောက်ပြခဲ့ပါတယ်။

Apple မှတော့ ဒီအဖြစ်အပျက်အကြောင်းကို မှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိပေမယ့် ဒီပြဿနာဟာ AirPods Max တွင် အမှန်တကယ်ဖြစ်နေတယ်ဆိုတာကို အသုံးပြုသူများရဲ့ဝေဖန်အကြံပြုချက်များအရ သိရှိနိုင်နေပါတယ်။ ဒါကြောင့် သင်က AirPods Max ကို ဝယ်ယူဖို့ဆန္ဒရှိနေသူတစ်ဦးဆိုရင်တော့ စောင့်ကြည့်လိုက်ပါဦးလို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။