Razer’s CEO told they plans to produce their RGB concept face masks in reality

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.4.2021 | Razer ရဲ့ CEO မှ သူတို့ရဲ့ RGB concept face mask များကို အမှန်တကယ် ထုတ်လုပ်သွားရန်ရှိကြောင်း ပြောကြားခဲ့ 

ပြီးခဲ့တဲ့အပတ်က Yahoo Finance နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုတွင် Gaming ပစ္စည်းများထုတ်လုပ်ရောင်းချသူ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Razer ရဲ့ CEO Min-Liang Tan မှ သူတိုရဲ့ Project Hazel mask concept ဒီဇိုင်းကို ထုတ်လုပ်သွားဖို့ စီစဉ်လျှက်ရှိကြောင်းပြောကြားခဲ့ပါတယ်။ 

အဆိုပါ Project Hazel Mask ဆိုသည်မှာ RGB lighting ပါဝင်တဲ့ face mask တစ်မျိုးဖြစ်ကာ Built-in microphone နဲ့ speaker တို့ပါဝင်တဲ့အတွက် စကားပြောဆိုရာတွင် သင့်ရဲ့အသံကို တိုးမြှင့်ပေးနိုင်ပြီး ဘက်တီးရီးယားများကို စစ်ထုတ်နိုင်မည့် pod များပါဝင်ပြီး လေထုအတွင်းရှိအမှုန်များရဲ့ ၉၅ ရာခိုင်နှုန်းကို စစ်ထုတ်ပေးနိုင်တဲ့အတွက် N95 mask များကဲ့သို့ အကျိုးသက်ရောက်မှုလည်းရှိမှာဖြစ်ပါတယ်။ 

Tan မှ အဆိုပါ mask ကို ဘယ်တော့လောက်မှာ စတင်ထုတ်လုပ်ဖို့ရှိသလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပေမယ့် သူ့ရဲ့ပြောဆိုချက်အရတော့ ကာကွယ်ဆေးရရှိပြီးနောက်တွင်တောင်မှ လူများအနေနဲ့ အနာဂါတ်ကာလများတွင် mask များတပ်ဖို့လိုအပ်လာဦးမှာဖြစ်ပြီး အချို့သောနိုင်ငံများနဲ့ ဒေသများတွင်လည်း တစ်နှစ်မှ နှစ်နှစ်အတွင်း နိုင်ငံအလိုက်၊ ဒေသအလိုက် လူဦးရေအားလုံးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ဦးမှာမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ Tan ရဲ့ ထပ်လောင်းပြောကြားချက်အရ “Project Hazel ကို တစ်ကယ့်လက်တွေ့မှာဖန်တီးဖို့ဖြစ်လာနိုင်ပြီး စိတ်မကောင်းစွာပဲ ကျွန်တော်တို့အနေနဲ့ Mask များကို အချိန်အတော်ကြာကြာ ဝတ်ဆင်ကြရဦးမှာဖြစ်ပါတယ်။” ဟု ဆိုထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။