Razer announced their new $200 smart glasses called Anzu

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.3.2021 | Razer မှ သူတို့ရဲ့ $200 တန်ကြေးရှိ Anzu smart မျက်မှန်အသစ်များကို ချပြခဲ့


Razer ဟာ စမတ်မျက်မှန်ထုတ်လုပ်ရေးလောကအတွင်းသို့ သူတို့အသစ်ထုတ်လုပ်ထားတဲ့ Anzu smart glasses များဖြင့် ဝင်ရောက်လာရန်အတွက် ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါ စမတ်မျက်မှန်တွင် ဒီဇိုင်း ၂ မျိုး၊ အရွယ်အစား ၂ မျိုးနဲ့ lens option ၂ မျိုးအပြင် built-in အသံလုပ်ဆောင်ချက်များလည်း ပါဝင်လာမည်ဟု သိရှိရပါတယ်။ 

Razer Anzu ဟာ open-ear speaker ဒီဇိုင်းကိုအသုံးပြုထားပြီး နားထင်နေရာမှတဆင့် အသံလှိုင်းများကို နားစည်အတွင်းသို့ တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်စွမ်းရှိပါတယ်။ သင့်ရဲ့ smart မျက်မှန်ပေါ်မှဆင့် တေးသီချင်းများကို streaming ပြုလုပ်၍ နားထောင်နိုင်မှာဖြစ်သလို built-in microphone ကို အသုံးပြု၍လည်း ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ထိုအရာဟာ ဒီဇိုင်း ၂ မျိုးဖြင့် ထွက်ရှိလာပြီး တစ်ခုမှာ အဝိုင်းပုံဒီဇိုင်းနှင့် ထောင့်မှန်စတုဂံပုံဒီဇိုင်းတို့ပါဝင်လာမှာဖြစ်သလို အရွယ်အစားအနေနဲ့လည်း Frame အသေး၊ Frame အကြီး ရွေးချယ်၍ရနိုင်မှာဖြစ်ပြီး မူရင်း package အတွင်းတွင် lens ၂ မျိုးလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။ မျက်မှန်တွင် မူလတပ်ဆင်ထားသော lens ကတော့ အခန်းများအတွင်းတွင် ကွန်ပြူတာအသုံးပြုစဉ် အသုံးပြုနိုင်ဖို့အတွက်ဖြစ်ပြီး blue light ကို ၃၅% အထိ တားဆီးကာကွယ်ပေးနိုင်ပါတယ်။ အခြားတစ်ခုကတော့ UVA/ UVB ရောင်ခြည်များကို ၉၉% အထိကာကွယ်ပေးနိုင်သော polarized lens ပဲဖြစ်ပါတယ်။ 

ထို့အပြင် Razer အနေဖြင့် custom prescription မျက်မှန်များကိုလည်း ထည့်သွင်းနိုင်စေဖို့အတွက် ခွင့်ပြုပေးသွားရန်စီစဉ်ထားတဲ့အတွက် Lensabl နှင့်ပူးပေါင်းကာ ဝယ်ယူအသုံးပြုသူများအနေဖြင့် prescription မျက်မှန်များကို Anzu အတွက် ထိုမှတဆင့် မှာယူနိုင်မှာဖြစ်ကာ RAZER15 code ကိုအသုံးပြု၍လည်း ၁၅% discount ကို ရယူနိုင်မှာဖြစ်ပါတယ်။ အခြားသောလုပ်ဆောင်ချက်များအနေဖြင့် IPX4 ရေစိုခံခြင်း၊ ၅ နာရီ ဘက်ထရီသက်တမ်းနှင့် standby time ၂ ပတ်၊ 60ms radio latency နှင့် dedicated game mode တို့လည်းပါဝင်လာပြီး Razer Anzu ကို ယခုအချိန်မှာတော့ $200/ €210 ဖြင့် ရောင်းချသွားရန်သတ်မှတ်ထားကြောင်းနှင့် မှန်သီးသန့် ပြန်လည်အစားထိုးလဲလှယ်ခြင်းအတွက်ကိုတော့ $30/ €35 ကျသင့်မှာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။