Qualcomm states its objections about Nvidia acquiring ARM

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.2.2021 | ARM ကို Nvidia မှ ဝယ်ယူခြင်းအား Qualcomm မှ ကန့်ကွက်လိုကြောင်း ကြေငြာခဲ့ 

U.S. chip ထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Qualcomm ဟာ ကမ္ဘာတစ်လွှားရှိ စည်းကမ်းကြပ်မတ်သူများကို Nvidia ရဲ့ British chip designer ARM ကို ဝယ်ယူခြင်းအား ကန့်ကွက်လိုကြောင်းပြောဆိုသွားခဲ့ပါတယ်။ Qualcomm ဟာ Federal Trade Commission, The European Commission, The U.K.’s Competition and Markets Authority နဲ့ China’s State Administration for Market Regulation တို့အား ဆက်သွယ်ခဲ့ပြီး လက်ရှိမှာ ဂျပန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ SoftBank မှ ပိုင်ဆိုင်ထားတဲ့ ARM ကို Nvidia မှ ဝယ်ယူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေအကြောင်းကို ပြောကြားသွားခဲ့တယ်လို့ CNBC သတင်းများအရ သိရှိခဲ့ရပါတယ်။ 

FTC မှ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ရာမှာ ဒုတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူတို့မှ SoftBank, Nvidia နဲ့ ARM တို့အား ပိုမို၍အသေးစိတ်ကျသောအချက်အလက်များကို ပေးအပ်လာရန်အတွက် တောင်းဆိုထားခဲ့ပါတယ်။ ဒုတိယအဆင့်အတွင်းမှာ FTC အနေနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့အတွက် အသုံးဝင်နိုင်တဲ့အချက်အလက်တွေရှိနေသည့် အခြားကုမ္ပဏီများနှင့်လည်းဆက်သွယ်၍ ဆောင်ရွက်သွားဖို့ရှိကြောင်းကိုလည်း FTC မှ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။ 

Nvidia ကတော့ စည်းကမ်းကြပ်မတ်သူများအနေနဲ့ ARM ကို သူတို့မှဝယ်ယူခြင်းကြောင့် ရရှိလာနိုင်မယ့် အကျိုးရလာဒ်များကို တွေ့မြင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း CNBC သို့ ပြောဆိုသွားခဲ့ပြီး ARM ကတော့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်၍ မှတ်ချက်ပေးဖို ငြင်းဆိုခဲ့ကာ SoftBank ကတော့ CNBC ရဲ့ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ တောင်းဆိုမှုကို ပြန်လည်တုန့်ပြန်မှုပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။