Qualcomm is planning to build a gaming tablet like Nintendo Switch

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.4.2021 | Qualcomm မှ Nintendo Switch နှင့် ဆင်တူသော Gaming Tablet တစ်ခုကို တည်ဆောက်ရန်စီစဉ်လျှက်ရှိနေ

Android Police မှ သတင်းတစ်ပုဒ်အရ Qualcomm ဟာ Android OS ကို အသုံးပြုထားတဲ့ Nintendo Switch နဲ့ ဆင်တူသော device တစ်လုံးကိုတည်ဆောက်ဖို့အတွက် အစီအစဉ်ရေးဆွဲနေကြောင်း သိရှိခဲ့ရပါတယ်။ အဆိုပါ device ကတော့ ကောင်းမွန်သောအအေးခံစနစ်များနဲ့ ဖြုတ်၊ တပ်၍ရနိုင်သော side controller များပါဝင်လာမည့် gaming tablet တစ်လုံးပဲဖြစ်ပါတယ်။ 

Nintendo Switch ကို Nvidia ရဲ့ Tegra SoC ဖြင့်မောင်းနှင်ပြီး Nintendo ဂိမ်းများအတွက် designer များရှိသလို Qualcomm ရဲ့ game console ဟာလည်း Snapdragon chip ဖြင့်မောင်းနှင်၍ Play Store ပေါ်ရှိ ဂိမ်းများကို ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Qualcomm ဟာ အဆိုပါ device ကို ၂၀၂၂ ခုနှစ်အတွင်းတွင် ဖြန့်ချီနိုင်ရန်အတွက် အစီအစဉ်များ ရေးဆွဲလျှက်ရှိနေပါတယ်။ 

အဆိုပါသတင်းတွင် ရေးသားထားချက်အရ Qualcomm အနေနဲ့ အရေအတွက်များစွာ ထုတ်လုပ်သွားဖို့အစီအစဉ်မရှိပဲ သူတို့နဲ့ လုပ်ငန်းလက်တွဲဖော်များအား ဆင်တူသော device များကို တည်ဆောက်နိုင်စေဖို့အတွက် စံနမူနာဖြစ်စေရန်ရည်ရွယ်ကြောင်းနှင့်အတူ သတ်မှတ်ထားတဲ့ အကြမ်းဖျင်းဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၀၀ ခန့်ဖြစ်ပြီး အဆိုပါဈေးနှုန်းတွင် gamepad များနဲ့ 5G နည်းပညာတို့ ပါဝင်လာမလားဆိုတာကိုတော့ တိတိကျကျပြောကြားနိုင်ခြင်းမရှိသေးပါဘူးဟူ၍ ဆိုထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။