Porsche is Building a High Performance Battery Factory in Germany

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.6.2021 | ဂျာမနီနိုင်ငံတွင် စွမ်းဆောင်ရည်မြင့် ဘက်ထရီစက်ရုံတစ်ခုကို တည်ဆောက်ရန် Porsche မှ စီစဉ်လျှက်ရှိ 

နာမည်ကျော် ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Porsche ဟာ battery cell များထုတ်လုပ်ရန်အတွက် Cellforce ဟုအမည်ရသောစက်ရုံအသစ်တစ်ခုကို Customcell နှင့် အကျိုးတူပူးပေါင်း၍ ဂျာမဏီနိုင်ငံ၊ Tübingen မြို့တွင် တည်ဆောက်သွားဖို့စီစဉ်လျှက်ရှိနေပြီး လျှပ်ကူးကြားခံပစ္စည်းအနေဖြင့် ခဲအစား silicon ဖြင့် ပြုလုပ်ထားသည့် battery cell များကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ 

“Battery cell များရဲ့ ဓါတုဗေဒသဘောကို သိရှိနိုင်ရန် ကျွန်ုပ်တို့အနေနဲ့ သုသေသနပြုမှုများနှင့် စမ်းသပ်ထုတ်လုပ်မှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ ကုမ္ပဏီရဲ့ Cellforce group တွင် လက်ရှိ အင်ဂျင်နီယာပေါင်း ၆၀ ခန့်ဟာ အဆိုပါ battery cell များကို ပိုမိုတိုးတက်မှုရှိလာစေရန် ကြံဆနေကြပြီဖြစ်ပြီး ၂၀ ခန့်ကတော့ ထုတ်လုပ်ရေးပိုင်းတွင် လုပ်ကိုင်နေကြပါတယ်။ ကနဦးအချိန်များအတွက် အဓိကရည်ရွယ်ထားတဲ့အချက်ကတော့ Cell များကို ပိုမိုကောင်းမွန်လာစေရန်ပြုလုပ်ဖို့နှင့် Cell များရဲ့ ဓါတုဗေဒ သဘောကို ပိုမို၍ သိရှိနိုင်ရန်ပဲဖြစ်ပါတယ်။” ဟူ၍ Porsche ရဲ့ R&D အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Michael Steiner မှ ပြောကြားခဲ့ပါတယ်။ 

အခြားသော ဘက်ထရီစက်ရုံများနဲ့ မတူတဲ့အချက်ကတော့ Cellforce ရဲ့ ရည်ရွယ်ချက်ဟာ အရေအတွက်များများထုတ်လုပ်နိုင်ဖို့မဟုတ်ပဲ စွမ်းဆောင်ရည်ကောင်းတဲ့ battery cell များကို ထုတ်လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ “ထုတ်လုပ်ရေးပိုင်းအရ သင်တို့သိဖူးတဲ့ gigafactory များနှင့် နှိုင်းယှဉ်လိုက်ပါက ထုတ်လုပ်နိုင်တဲ့အရေအတွက်ဟာ နည်းပါးမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ တစ်နှစ်ကို အများဆုံး 100 MWh ဒါမှမဟုတ် ထိုထက် အနည်းငယ်ပိုသော battery cell များကိုသာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။” ဟူ၍ Steiner မှ Ars သို့ ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။