Peloton’s lead hardware engineer is leaving

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.2.2022 | Peloton ရဲ့ Hardware Engineer ခေါင်းဆောင် အလုပ်မှထွက်ခွာ 

Peloton ရဲ့ Vice President of Hardware Engineering ဖြစ်သူ Sam Bowen နှင့် commercial operations executive ဖြစ်သူ Rob Barker တို့ဟာ ကုမ္ပဏီမှာထွက်ခွာတော့မှာဖြစ်တယ်လို့ Bloomberg မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

Bowen ဟာ Peloton ကုမ္ပဏီရဲ့ စက်ဘီးများ၊ အပြေးစက်၊ နှလုံးခုန်နှုန်းတိုင်းကိရိယာတို့ရဲ့ ဖန်တီးတည်ဆောက်မှုများတွင် ပါဝင်ခဲ့သူဖြစ်ပြီး Barker ကတော့ Peloton မှ ဝယ်ယူခဲ့တဲ့ Precor လို့ အမည်ရတဲ့ gym များနှင့် hotel များသို့ workout bike များကို ဌားရမ်း၊ ရောင်းချပေးသော ကုမ္ပဏီရဲ့ CEO အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ 

LinkedIn တွင် ကုမ္ပဏီမှထွက်ခွာခဲ့ခြင်းနဲ့ပတ်သက်၍ မှတ်ချက်အချို့ကိုလည်း Barker က “Precor, Amer Sports နှင့် Peloton တို့တွင် ရာထူးနေရာအမျိုးမျိုးကို ၂၇ နှစ်တိုင် ထမ်းဆောင်ခဲ့ပြီးနောက်တွင် ယခုအခါ ကုမ္ပဏီတစ်ခုတည်းရဲ့ အချိန်ပြည့် exective တစ်ဦးအဖြစ်မှ fitness လုပ်ငန်းတွင် အသေးစားလုပ်ငန်းရှင်တစ်ဦးနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး အဖြစ်သို့ ပြောင်းလဲလုပ်ကိုင်သွားမှာဖြစ်ပါတယ်” ဟူ၍ ရေးသားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။